"ပြောစရာရှိတယ်ဆိုပြောလေဗျာ...."
"ခခကိုကိုယ်အရင်ဆုံးတောင်းပန်ချင်တယ်..."
"ဘာအတွက်"
"ကိုပြောပြမယ်....ခအဖေဆုံးသွားတာAccident၁ခုကြောင့်မလား..."
"ကိုမောင်ဘယ်လိုသိတာလဲ"
"အယ့်တာကလည်း၁ယောက်ယောက်ကိုကယ်ရင်းမလား..."
မိုးခထိုနေ့ကအဖြစ်အပျက်ကိုပြန်မြင်လာကာမျက်ရည်လေးများရစ်ဝိုင်းလာသည်.........
"ခရဲ့ဖေဖေကယ်လိုက်တဲ့လူတွေကကိုယ့်ညီမလေးမေဦးမောင်နဲ့နွေဦးမာန်ပဲ..."
"ဟင်...."
"ကိုယ့်ကိုလည်းနွေဦးမာန်ပြောပြတာ...."
"ဒါဆိုဦးက..."
"သူသိနေတယ်တဲ့... ...accidentဖြစ်ပြီးတော့ကိုယ့်ညီမလေးကအလန့်လွန်ပြီးနှလုံးဖောက်သွားတယ် ..သူ့နာရေးကိစ္စတွေပြီးတော့နွေဦးမာန်ကသူ့ကိုကယ်ပေးတဲ့လူကိုပြန်ရှာခဲ့တော့အယ့်လူကသေပြီးသူ့သားလေးကစိတ်ရောဂါကုထုံးလုပ်နေရတယ်တဲ့...."
မင်းဦးမောင်ပြောရင်းမျက်ရည်များရစ်ဝဲလာပြီးမိုးခကတော့မျက်ရည်ပေါက်ပေါက်ကျလျက်မလှုပ်မယှက်နားထောင်နေသည်......
"သူအယ့်ကလေးလေးကိုပြန်ရှာပြီးတော့အယ့်ကလေးအတွက်လိုအပ်တာတွေအကုန်သူကွယ်ရာကနေထောက်ပံ့ခဲ့တယ်.....သူ့မျက်စိရှေ့တဖြည်းဖြည်းကြီးလာတဲ့အယ့်ကလေးလေးကိုသူအဝေးကနေစောင့်ကြည့်နေခဲ့တယ်...အယ့်ကလေး၁၈နှစ်ပြည့်တဲ့နှစ်မှာသူကယ်လီဖိုးနီးယားကိုသွားဖို့လေယာဥ်လက်မှတ်မဲပေါက်တယ်ဆိုပြီးနွေဦးမာန်ကသူရှိရာကိုခေါ်ခဲ့တာ...ခကိုသူ့အနားမရောက်ရောက်အောင်သူကိုယ်တိုင်ပဲစီစဥ်ခဲ့တာ...ခသူငယ်ချင်းရတုကိုလည်းတမင်ခကိုသူ့ဆီမှာအလုပ်ပေးဖို့လုပ်ခိုင်းခဲ့တာ.....သူကခကိုအားနာပြီးသနားလို့ခကိုသူစောင့်ရှောက်ပေးချင်ခဲ့တာ...ဒါပေမဲ့သူပေးမယ်လို့ဆုံးဖြတ်ထားတဲ့အဖြူရောင်မေတ္တာတွေကတဖြည်းဖြည်းနဲ့အရောင်တွေရောစွန်းလာလို့ခကိုသူတမင်အယ့်လိုဆက်ဆံခဲ့တာ.....ပြီးတော့သူစေ့စပ်တာလည်းသူလိမ်နေတာ...သူနဲ့နေရင်ခအန္တရာယ်ဖြစ်မှာစိုးလို့ခကိုတမင်အယ့်လိုလုပ်ပြီးနှင်လွှတ်လိုက်တာ......ခသိလားခထွက်လာတော့ကိုယ်နဲ့သူဂတိ၁ခုပြုခဲ့တယ်....၁နှစ်...၁နှစ်အတွင်းခကသူ့ကိုယ်မမေ့နိုင်ရင်သူခဆီပြန်လာပြီးအကုန်ဖွင့်ပြောဖို့ကိုယ်ဂတိတောင်းခဲ့တယ်....ခသူ့ကိုမေ့နိုင်ရင်တော့ခကိုသူထပ်မတွေ့တော့ဖို့ရောပေါ့
......ခု၁နှစ်ဆိုတဲ့အချိန်မပြည့်သေးပေမယ်.ခဘယ်လောက်သူ့ကိုလွမ်းနေလဲဆိုတာကိုယ့မျက်မြင်မို့ကိုယ်ခုလိုပြောပြတာ......သူကခကိုအရမ်းချစ်မိသွားလို့..ဒါပေမဲ့သူကခအဖေကိုခဆီကခေါ်ထုတ်သွားမိလို့...သူကြောက်နေတာ...ခအဖြစ်မှန်တွေသိတဲ့နေ့ကျရင်ခသူ့ကိုမုန်းသွားမှာသူကြောက်နေတာ....."
BẠN ĐANG ĐỌC
👨💼👨🍳My housemaid👨💼👨🍳(Completed)
Lãng mạnအချစ်ဆိုတဲ့အရာဟာဆန်းကြယ်လွန်းတယ်.... ဘယ်အချိန်ဘယ်နေရာမှာဘယ်လိုပုံစံနဲ့ရောက်လာမလဲဆိုတာကြိုတင်မခန့်မှန်းနိုင်ဘူး..... နွေဦးမာန် ချစ်တယ်ဦး...ဥပေက္ခာပြုလိုက်ပါ...မုန်းတော့မမုန်းလိုက်ပါနဲ့ လောကနိယာမတွေကိုဆန့်ကျင်ပြီးခ...