မိုးခတစ်ယောက်အလုပ်လုပ်တာ၁ပတ်ပင်ပြည့်ခဲ့ပြီ....တပတ်အတွင်းမှာနွေဦးမာန်နှင့်စကား၁၀ခွန်းပင်ပြည့်အောင်မပြောဖြစ်သော်လည်းဆောင်းဦးမာန်ကတော့မူကြုံရင်ကြုံသလိုအနိုင်ကျင့်တက်သေးသည်....
ဒီအချိန်ထိနွေဦးမာန်နှင့်ပြောနေကြစကားဆိုလို့
"ပြန်ရောက်ပြီလား."
"အင်း.."
"ထမင်းစားတော့မလား.."
"အင်း.."
"သံပုရာရည်လာပို့ပေးရမလား.."
"အင်း"
"ကောင်းသောညပါ..."
"အင်း..."
စတဲ့စကား၄ခွန်းသာရှိသည်...သည်စကား၄ခွန်းဟာအသံသွင်းထားတဲ့စက်ရုပ်လိုပင်....
စကားအလွန်များသောမိုးခလေးအတွက်တော့အဆင်မပြေပေ......
ဒီနေ့ပိတ်ရက်မို့လို့နွေဦးမာန်အိမ်တွင်ရှိသည်....
ပုံမှန်မြင်နေကျအနောက်တိုင်းဝတ်စုံနှင့်မဟုတ်တီရှပ်လေးနှင့်ဘောင်းဘီအပွအရှည်လေးနှင့်သာ...ဆံပင်ကလည်းပုံသွင်းဖြီးထားတာမဟုတ်ဘဲသဘာဝအတိုင်းဖွာဖွာလေးဖြစ်နေသည်.....မိုးခလိုချောသောယောကျာ်းလေး၁ဦးကပင်ချောလိုက်တာဟုပြန်မှတ်ချတ်ချရသည်....
မိုးခတစ်ယောက်အိမ်အလုပ်လုပ်ပြီးခြံထဲတွင်ပန်းပင်ရေလောင်းရန်ခြံထဲသို့ထွက်ခဲ့သည်....
🎶🎶 "စိတ်မဆိုးနဲ့နော်ခွင့်လွှတ်ပါကွယ်
ကိုယ်ရိုင်းနေရင်.....
ကိုယ့်စိတ်ကအရင်ဒီလိုမဟုတ်ဘူးကွဲ့
မင်းနဲ့မှပြောင်းလဲကုန်ပြီ.....
အားလုံးလဲငါမယုံနိုင်....
မင်းလေးကိုဘယ်သူ့မှမပေး " မပေးနိုင်ဘူး
မင်းငါ့အသည်းငါ့အချစ်ပဲ....
မင်းလေးကငါ့အတွက်ပဲ...
လွန်တယ်လို့မင်းထင်လား....
အဘိဓမ္မာတရားမှာ....အချစ်မှာနှေးကန်ရင်
ခံသွားနိုင်တယ်....
တယောက်ယောက်ကဝင်လာပြီးလုသွားမှာ လည်း ဒီကောင်လေးကြောက်နေတယ်.... ချစ်တဲ့သူမင်းဟာလည်းဘုရားပေးတဲ့ဆုလာဘ်ပဲ....အိုးမရှိမဖြစ်ဘူး"🎶🎶🎶🎶
ထွက်လာသောသီချင်းသံလွင်လွင်ကြောင့်မိုးခစူးစမ်းရန်ရှေ့သို့ခြေလေးဖွနင်းလျက်တိုးသွားမိသည်....
သီချင်းသံလေးသည်ရင်ထဲကနက်ရှိုင်းစွာခံစား၍သည်ဆိုနေသည်......
KAMU SEDANG MEMBACA
👨💼👨🍳My housemaid👨💼👨🍳(Completed)
Romansaအချစ်ဆိုတဲ့အရာဟာဆန်းကြယ်လွန်းတယ်.... ဘယ်အချိန်ဘယ်နေရာမှာဘယ်လိုပုံစံနဲ့ရောက်လာမလဲဆိုတာကြိုတင်မခန့်မှန်းနိုင်ဘူး..... နွေဦးမာန် ချစ်တယ်ဦး...ဥပေက္ခာပြုလိုက်ပါ...မုန်းတော့မမုန်းလိုက်ပါနဲ့ လောကနိယာမတွေကိုဆန့်ကျင်ပြီးခ...