You're mine and I'm yours [ MiSana ]

1.2K 41 10
                                    

[ Zawgyi ]

" အား Mina ရေလာပါအုံး "

မီးဖိုချောင်မှာထားထားတဲ့ စားပွဲပေါ်လွှားကနဲခုန်တက်ရင် Game ဆော့နေသော သူငယ်ချင်းဖြစ်သူကိုငိုမဲ့မဲ့ဖြင့်အော်ခေါ်လိုက်သည်

" ထပ်ပြီးဘာလဲ Sana Chan "

စိတ်ပျက်လက်ပျက်လေသံဖြင့် လက်ထဲကဖုန်းကိုစားပွဲပေါ်ကောက်တင်ရင်း မီးဖိုချောင်သို့ရောက်လာသော ချစ်စရာသူငယ်ချင်းလေး

" Mina ရေငါ့ကိုကယ်ပါအုံး အဲ့ပိုးဟပ်ကြီးကလေငါ့ကိုကိုက်တော့မယ်အတိုင်းပဲ "

ငိုမဲ့မဲ့ပုံစံဖြင့် ကြမ်းပြင်ပေါ်ကပိုးဟပ်ကိုလက်ညိုးထိုးပြလိုက်တော့ သူမကသက်ပျင်းအသာချရင်း ခေါင်းကိုခါရမ်းကာ တံမြက်စည်းဖြင့်မောင်းထုတ်လိုက်သည်

" ကဲအခုဆင်းတော့ ဘာမှမရှိတော့ဘူး "

မယုံသလိုလိုဖြင့် စားပွဲပေါ်ကနေဟိုကြည့်ဒီကြည့်လုပ်ပြီးမှ ဆင်းရသည် ခါးထောက်ရင်းမျက်နှာတည်ဖြင့်စိုက်ကြည့်နေသော သူငယ်ချင်းလေးအား သွားဖြီးပြလိုက်ရင်း ဟိုကြည့်ဒီကြည့်လုပ်နေလိုက်သည်

" Sana Chan ဒါနဲ့ဆိုဆယ်ခါရှိနေပြီနော် "

" Momo ကရေခဲမုန့်သွားဝယ်မယ်ဆိုပြီးပေါ်မှမလာတဲ့ဟာကို "

ထုံးစံအတိုင်း ဘာမှထပ်မပြောပဲ ခေါင်းကိုသာခါရမ်းရင်း ဧည့်ခန်းသို့ပြန်ထွက်သွားသော Mina ဒင်းကတော့လေ ဒီအတိုင်းပြန်သွားရလား

ဧည့်ခန်းမှာထိုင်ရင်းဂိမ်းကိုဆက်ဆော့နေတဲ့ သူကိုမျက်စောင်းထိုးလိုက်သည် ဒီရေခဲတုံးနဲ့တော့ ဂိမ်းကသူ့ရည်းစားလားတစ်ကယ်ပါပဲ

တစ်နာရီကြာတာတောင် မပြီးနိုင်သေးတဲ့နေ့လယ်စာကို ဘယ်လိုဆက်ချက်ရင်ကောင်းမလဲစဉ်းစားနေမိသည် သူငယ်ချင်းသုံးယောက်ထဲမှာဆို အငယ်ဖြစ်တဲ့ Mina ကဟင်းချက်အတော်ဆုံး ဒါကိုအချက်မခံပဲ အတိုက်ခံလုပ်ပြီး သူမကိုယ်တိုင်ချက်ပါ့မယ်ဆိုပြီး ပြောထားရတာ

အခုတော့ တစ်နာရီသာကြာသွားတယ်ဘာမှဖြစ်မလာဘူး ဒါကောင်းသေးရဲ့လား Sana Chan ရဲ့ဟမ်

" Sana ရေမချက်နဲ့တော့ နင့်အကြောင်းသိလို့ငါနေ့လယ်စာပါတစ်ခါတည်းဝယ်ခဲ့တယ် "

One Shot [ Zawgyi×Unicode ]Where stories live. Discover now