One and Only [ WenJoy ]

612 50 5
                                    

[ Zawgyi ] 

" Son SeungWen ပန်းကန်တွေလာဆေးစမ်း "

Seungwen မဲ့ပြုံးတစ်ချက်သာပြုံးရင်း မျက်နှာကိုတည်ငြိမ်အောင်မနည်းထားလိုက်ရရင်း ဟင်းပန်းကန်တွေကိုပြန်သိမ်းနေရသည် ဒီနေရာကနေ လွတ်မြောက်ခြင်ပြီ လစာမဲ့ကျွန်လိုမျိုးလား?

" သိမ်းပြီးရင် နင့်မောင်စားခြင်တာတစ်ခုခုလုပ်ပေးလိုက် "

အံကိုသာတင်းတင်းကြိတ်ထားရင်း မနည်းအားယူကာ ပြုံးရင်းပြောလိုက်ရသည် Seungwen ဒီအရာတွေကိုမလုပ်ခြင်ဘူး သီချင်းဆိုခြင်တယ် ကခြင်တယ် တစ်နေရာရာမှာထိုင်ပြီးပန်းချီဆွဲခြင်တယ် သူများအတွက်မဟုတ်ပဲကိုယ့်အတွက်ကိုပဲဟင်းချက်ခြင်တယ် လွတ်လပ်မှု့တွေပျောက်ဆုံးနေတဲ့ဒီနေရာမှာ မနေခြင်တော့ဘူး

Seungwen သိတယ် တစ်မိသားစုလုံးက Seungwen ကိုမချစ်မှန်း ခိုင်းဖို့သက်သက်ပဲ ကောင်းပြနေမှန်း အစကတည်းကမလိုခြင်မှန်း အရာအားလုံးကိုသိတယ် သားလိုခြင်တဲ့အဖေနဲ့အမေက မောင်ဖြစ်သူကိုဘုရင်သဖွယ်အထိခိုက်မခံပဲပိုးမွေးသလိုမွေးတယ် ထိုကလေးဘယ်လောက်ဆိုးသွမ်းနေလည်း တစ်ချက်မဆူဘူးမရိုက်ဘူး

" ဘာစားမလဲ "

" Ramen( ခေါက်ဆွဲပြုတ် ) "

" ကောင်းပြီခဏစောင့်နေနော် "

အံ့ကိုတင်းတင်းကြိတ်ထားတာကနည်းနည်းခံသာတယ် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ခွင့်တော့မရှိ Seungwen တန်ဖိုးထားရတဲ့အရာကို မောင်ဖြစ်သူလုယူသွားတုံးက ဇွတ်အတင်းပြန်လိုက်လုတော့ အဖေဖြစ်သူက အပေါ်စားတစ်ခုလိုမျိုးသဘောထားပြီး တန်ဖိုးမဲ့ပစ္စည်းလို ပြောဆိုရင်း မောင်ဖြစ်သူလက်ထဲကဆွဲယူရင်း လွင့်ပစ်တယ် ဒေါသထွက်လွန်း၍ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားတာကိုမြင်ပြီး အဖေက ရိုက်တယ်

ဒီနေရာကနေတစ်ကယ်ပဲလွတ်မြောက်ခြင်နေပြီ အဖေဖြစ်သူက အိမ်ထောင်ဦးစီးဆိုပြီး ဘာဆိုဘာမှမလုပ် ထမင်းစားမယ်ဆိုလဲအဆင့်သင့် ရေဆိုလဲအဆင့်သင့် ထယူနိုင်တဲ့အရာကိုတောင်မယူပဲ ထိုင်ခုံပေါ်အထိုင်မပျက်ပဲကြုံရာလူကိုယူခိုင်းတယ်

One Shot [ Zawgyi×Unicode ]Onde histórias criam vida. Descubra agora