[ Zawgyi ]
နွေဦးရယ် အချစ်ဦးရယ်.. ကျွန်မသိပ်ချစ်ရတဲ့လူသားလေးမမ ကျွန်မကိုဒဏ်ရာတွေပဲအမြဲပေးနေတတ်တဲ့မမ အမြဲစိတ်ကောက်ပြီးရင်ပြန်တောင်းပန်တတ်တဲ့မမ..
ခရမ်းဖျော့ရောင် Lilac ပန်းလေးတွေရဲ့အဓိပ္ပါယ်က အချစ်ဦးတဲ့မမ .. မမလိုပဲ သေးသေးလေးပေမယ့်သိပ်လှတာမမရဲ့..။
မမကို ပြန်တွေ့ရင် မမရဲ့ ခန္ဓာကိုယ်သေးသေးလေးထဲအတင်းတိုးဝင်ရင်း မမကိုဘယ်လောက်ထိလွမ်းနေခဲ့ရကြောင်းပြောရင်းငိုကျွေးမယ် ဘယ်လောက်ထိချစ်ကြောင်းတွေတစ်နေကုန်ထိုင်ပြောမယ်
ဒီရက်ပိုင်းအတွင်း ဘယ်တွေသွားနေတယ် ဘာတွေလုပ်နေတယ် ဘယ်လိုနေတယ်ထိုင်တယ် ကအစ မမကိုပြောပြမယ် ..အကယ်၍ ပြန်တွေ့ဖြစ်ခဲု့ကြရင်ပေါ့..။
မမနဲ့ကျွန်မရဲ့ပုံပြင်လေးရဲ့အဆုံးသတ်က ပျော်ရွင်စရာပဲဖြစ်ခြင်တယ်မမ...။
__________________________×
" မမ "
မမကမကြားခြင်ယောင်ဆောင်နေပြန်တယ် ဘယ်လိုတောင်သဝန်တိုနေခြင်းလဲ သဝန်တိုတယ်လို့ သုံးနှုန်းသင့်ရဲ့လားတော့မသိပါ မမက ကျွန်မအပေါ်ညီမလေးတစ်ယောက်အပြင်တောင်ပိုရဲ့လားတော့ကျွန်မ မသိပါ
" မမရာ နှုတ်ခမ်းကြီးထော်မထားပါနဲ့ ကျွန်မကမချော့တတ်ဘူး Sana ဆိုတာက ကျွန်မရဲ့သူငယ်ချင်းလေ မမရဲ့ "
Sana ဆိုတဲ့နာမည်ကိုကြားတော့ မမက ခေါင်းလေးစောင့်ကြည့်ကာ မျက်စောင်းထိုးရင်တစ်ဖက်ကိုပြန်လှည့်သွားတယ် မမက ကျွန်မထက်အသက် လေးနှစ်လောက်ကြီးတယ် တစ်ခြားသူတွေနဲ့ဆိုရင့်ကျက်ပေမယ့် မမကကျွန်မနဲ့ဆိုကလေးဆိုးပုံစံပြောင်းသွားတတ်တာလေ
Sana နဲ့ပဲစကားပြောနေရင်း မမကိုပစ်ထားသလိုဖြစ်သွားဟန်တူသည်မမက နှာခေါင်းတစ်ချက်ရှုံ့ရင်းဆက်ပြောသည်
" ဘယ်သူကစိတ်ဆိုးတယ်ပြောနေလို့လဲ Chou Tzuyu shi ဂရုစိုက်စရာမလိုပါဘူး"
မမကရွဲ့သလိုပြောရင်း လက်ပိုက်ကာ ထွက်သွားတယ် လိုက်သွားဖို့ရာလည်းအဆင်မပြေပါ ကလေးတွေရဲ့ကျောင်းဆင်းချိန်ဖြစ်တာကြောင့် လူတွေကလည်းအတော်လေးရှုပ်နေတာကြောင့် အိမ်ပြန်ဖို့ကိုပဲဆုံးဖြတ်လိုက်တယ်