[ Unicode ]
" တစ်ကယ်လို့သေပြီးသွားရင်ဘာဆက်ဖြစ်မှာလဲ "
" ကြောင်တောင်တောင်နဲ့ "
အဆက်စပ်မရှိတဲ့ဂျိန်းရဲ့စကားကိုသူမတုံ့ပြန်လိုက်ရင်း ကျောင်းကပေးလိုက်တဲ့အိမ်စာကိုအပြီးသပ်ဖို့ရာအာရုံစိုက်ရသည် ကျောင်းစာကိုစိတ်ဝင်စားပုံမရတဲ့ဂျိန်းကတော့ သူမကိုနှောက်ယှက်ဖို့မွေးဖွားလာတဲ့အလား..
" သိလားရိုစီငါဒီရက်ပိုင်း ငါသေတော့မယ်လို့ပဲအာရုံရနေတာရော် တစ်ခါတစ်လေကြသေရမှာကိုကြောက်ပေမယ့် တစ်ခါတစ်လေကြလဲ လူတွေကသေပြီးသွားရင်ဘယ်လိုနေထိုင်ကြလဲသိခြင်မိတယ် "
" ဘယ်လိုဖြစ်ရမှာလဲချက်ချင်းဘဝကူးသွားမှာပေါ့ အဲ့တာကြောင့်မသိခြင်စမ်းနဲ့ဂျိန်း "
သူမရဲ့ခပ်ပြတ်ပြတ်စကားကြောင့်ဂျိန်းကမျက်နှာကိုရှုံ့လိုက်ရင်း စာရွက်အဖြူတစ်ရွက်ယူကာဟိုခြစ်ဒီခြစ်လုပ်နေသည်.. ဂျိန်းရဲ့ ' စာအတူတူလုပ်ရအောင် ' ဆိုတဲ့စကားကြောင့်သူမဂျိန်းရဲ့အိပ်ခန်းထဲမှာ သောင်လာတင်နေခြင်းဖြစ်သည်
" အော်ဒါနဲ့သိလားရိုစီ ဒီနှစ်ကပွဲကိုဂျွန်နဲ့တက်ဖြစ်မယ်ထင်တယ် "
စာရေးနေတဲ့သူမလက်တွေရပ်တန့်သွားတယ် ဂျွန်ဆိုတာ ကျောင်းရဲ့ရေကူးချန်ပီယံ ကျောင်းသားခေါင်းဆောင်ဖြစ်တယ် ချောမောခန့်ညားတဲ့ရုပ်ရည်နဲ့ကျစ်လစ်ပြီးကြည့်ကောင်းတဲ့ခန္ဓာကိုယ်ကြောင့် ကျောင်းသူတော်တော်များများလိုခြင်ကြတဲ့ကောင်လေးဖြစ်သလို စာတော်တာကြောင့်ဆရာ ဆရာမနဲ့ကျောင်းအုပ်ကြီးကအစချစ်ခင်တဲ့ကျောင်းသားတစ်ယောက်..ပြီးတော့ဂျိန်းရဲ့အသစ်စက်စက်ကောင်လေးပေါ့။
" ငါတို့ကစီနီယာနှစ်နော်ဂျိန်း ကပွဲထက်စာမေးပွဲကပိုအရေးကြီးတယ် "
ပြောရင်းနဲ့ပဲသူမနားကြပ်ကိုထုတ်လို့နားမှာတပ်လိုက်တယ် ဂျိန်းကချက်ချင်းပဲပြန်ဆွဲဖြုတ်ပြီး
" နင်ပြောတာဟုတ်ပါတယ် ဒါပေမယ့်ဒီနှစ်ကပွဲကတစ်ကယ်မိုက်မှာ "
" ငါပြန်တော့မယ် "
သူမဂျိန်းရဲ့စကားကိုဖြတ်ပြောလိုက်ရင်း စာအုပ်တွေကိုသိမ်းလို့ ဂျိန်းအခန်းထဲကအမြန်ဆုံးထွက်လာခဲ့တယ် ဂျိန်းဘယ်လိုကျန်နေခဲ့လဲသူမ မသိခြင်ဘူး..။