ကလဲ့စား [ Chaelisa ]

1K 81 3
                                    

[ Zawgyi ]           

            အသည်းခွဲရတာသိပ်ပျော်ဖို့ကောင်းတယ်မလားဘယ်လိုလဲ Lisa  Player တစ်ယောက်က သာမန်မိန်းကလေးတစ်ယောက်လက်ထဲမှာကျရှုံးသွားတာမြင်ရတာ ရယ်ခြင်စရာပဲ.. ။

           ဘယ်သူနဲ့မှမတူအောင်ငါမင်းကိုချစ်ခဲ့တာ ဘယ်သူ့ကိုမှမချစ်ဖူးတဲ့အချစ်မျိုးနဲ့ချစ်ခဲ့တာ လက်ထပ်ဖို့အထိပါဆုံးဖြတ်ထားခဲ့တာ မင်းမို့လို့လုပ်ရက်လိုက်တာ Chaeyoung ရာ....။

______________________×

" မိန်းကလေးတွေကိုကစားစရာများမှတ်နေလား!! "

ဆံပင်ခပ်ရှည်ရှည်ကို အပြောင်သိမ်းစည်းထားပြီး ဆွဲဆောင်မှု့ရှိလှတဲ့မိန်းကလေးတစ်ယောက်က ဆံပင်မတိုမရှည်နဲ့ အညိုရောင်ဆိုးထားပြီး ယောက်ျားလေးဆန်သော မိန်းကလေးတစ်ယောက်ကို အော်ပြောရင်း ရေခွက်ကိုကောက်ယူကာ ရေနဲ့လှမ်းပက်လိုက်တယ်..။

ရေနှင့်အပက်ခံရသောမိန်းကလေးက စိုရွဲသွားသော အင်္ကျီနင့် မျက်နှာကိုမမူ ဟားတိုက်ရယ်မောနေသည် ရေနှင့်လှမ်းပက်လိုက်သောမိန်းကလေးမှာ မျက်ဝန်းထဲတွင် မျက်ရည်များဖြင့်ပြည့်နက်နေပြီး နာကျည်းစွာတစ်ဖက်မိန်းကလေးအား ကြည့်နေသည်..။

" ရေနဲ့အပက်ခံရတာ ဘယ်နှစ်ခါမြောက်မှန်းငါမသိတော့ဘူး.နင်တစ်ကယ်တုံးတာပဲ နင့်ကိုချစ်ပါတယ်ဆိုပြီးငါပြောခဲ့ဖူးလို့လား တွဲဖို့အရင်စကမ်းလှမ်းခဲ့တာလည်းမင်းပဲလေ ငါမဟုတ်ဘူး .. မင်းက.ပျင်းဖို့ကောင်းလာပြီလေ ..နစ်နာကြေးလိုခြင်တယ်ဆိုဖုန်းဆက်လိုက်နော် ငါသွားပြီ "

ဆက်ပြီးဟားတိုက်ရယ်မောရင်း ကားသော့ကိုကောက်ကာနောက်ကိုတစ်ချက်မျှလှည့်မကြည့်ပဲ ထွက်သွားသည် ကျန်ရစ်ခဲ့သောမိန်းကလေးမှာအံ့ကိုသာတင်းတင်းကြိတ်ထားလျက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ဆိုင်အပြင်ဘက်ကိုပြေးထွက်ခဲ့သည်

တစ်ရွေ့ရွေ့သွားနေသောကားများကိုကြည့်ရင်း ညှာတာမှု့ကင်းမဲ့လှသောစကားများကိုပြန်ကြားယောင်လာ၏။ သူမဆုံးဖြတ်ချက်များပိုမိုခိုင်မာလာကာ အိပ်ကပ်ထဲမှဖုန်းကိုထုတ်ရင်း ညီမဖြစ်သူဆီ နောက်ဆုံးသေတမ်းစာကိုချန်ပြီးနောက်မှာ မျက်စိကိုသာဆုံမှိတ်လိုက်ရင်း အရှိန်ဖြင့်မောင်းနှင်လာသောကားရှေ့ကိုပြေးဝင်လိုက်သည်..။

One Shot [ Zawgyi×Unicode ]Donde viven las historias. Descúbrelo ahora