My Angel [ Chaesoo ]

1.2K 126 15
                                    

[ Zawgyi ]

ကမ္ဘာပေါ်မှာအလှပဆုံးအရာကဘာလို့ထင်လည်းမမ.. ကျွန်မမျက်လုံးထဲမှာတော့ မမအလှကိုမှီတဲ့အလှတရားမရှိသေးဘူးလို့ထင်တယ်..။

Park Chaeyoung ဆိုတဲ့ကျွန်မက မမအတွက်ပဲသီးသန့်ဖြစ်တည်လာတာ မမဆိုတာသာမရှိရင် ကျွန်မဆိုတဲ့လူသားလည်းရှိမှာမဟုတ်ဘူးမမရဲ့..။

မမကိုကျွန်မဆီပို့ပေးခဲ့တဲ့ မမရဲ့ဖခင်နတ်မင်းကြီးကိုသိပ်ကျေးဇူးတင်တယ် ဘယ်သူထင်မှာလည်းမမရဲ့ မကောင်းဆိုးတစ်ချို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ နတ်သမီးတစ်ပါးကိုမှ ကျွန်မက ချစ်မိသွားတယ်လို့လေ..။

__________________________×

" နင့်ဘဝကြီးကလည်းပျင်းဖို့ကောင်းလိုက်တာ Chaeyoung ရာ နင့်မှာလည်း ရည်းစားမရှိတာနဲ့ ငါ့သမီးနဲ့ပဲအားတိုင်းလာကစားပေးနေရတယ်လို့ "

Lisa က Ella နဲ့အရုပ်ဆော့ပေးနေသောကျွန်မကို နှိမ်သလိုလိုလာပြောသည် ဒင်းက အထက်တန်းတုံးက တစ်ဖက်သက် ကြိုက်ခဲ့ရသော အစ်မနဲ့ တက္ကသိုလ်မှာတွဲ ဖြစ်ခဲ့တယ်လေ ပြတ်မှာပဲလို့ထင်ခဲ့ပေမယ့် ကျောင်းပြီးပြီးခြင်းလက်ထပ်လိုက်ကြတယ်.. ။

Ella ဆိုတဲ့ 4 နှစ်အရွယ်သမီးတစ်ယောက်ကိုပိုင်ဆိုင်ထားသည် ညနေစောင်း ဆိုင်သိမ်းပြီးရင် ကျွန်မမှာလုပ်စရာအလုပ်မရှိတော့ သူငယ်ချင်းဟူ၍ Lalisa ကလွဲပြီးမရှိ ချစ်သူရည်းစားလည်းမရှိ၍ Ella လေးနဲ့သာ အဖော်ပြုရသည်..။

" စောင့်ကြည့်နေပါစမ်းပါ ငါရည်းစားရမှနင်ထိုင်ငိုသွားအောင် Ro ပြမယ် "

မီးဖိုချောင်မှာ သစ်တော်သီးသွားခွဲနေသော Jennie က သစ်တော်သီးပန်းကန်နဲ့ အအေးခွက်နှစ်ခွက်ကိုင်ပြီးပြန်ရောက်လာရင်း ကျွန်မစကားကိုကြားတော့ရယ်တယ် အနှိမ်ခံနေရသောမိမိအဖြစ်ကိုပြန်တွေးကြည့်ရင်းသနားလာသည် ထိုလင်မယားနှစ်ယောက်ကို စိတ်ထဲ၌သာ ကျိန်ဆဲနေလိုက်သည်

......
......

" Lisa ya ငါ့ခြံရှေ့က ဘာကြီးလဲ "

စိတ်ငြိမ်ရပ်ကွက်ဖြစ်၍ လူအသွားအလာနည်းသည် လမ်းဘေးမီးတိုင်တွေကလွဲပြီး မီးရောင်မရှိ ခြံရှေ့တွေ ပုံမှန်ထက်ပိုတောင်ပနေသော အလင်းရောင်နှစ်ခုက ထွက်ပေါ်နေသည်မို့ အနှီသူငယ်ချင်းအား လက်တို့ကာမေးမိတော့ ခေါင်းရမ်းပြသည်

One Shot [ Zawgyi×Unicode ]Donde viven las historias. Descúbrelo ahora