Episode 4

2.5K 128 5
                                    


Unicode
              Friend Request💌

ညနေအိမ်ပြန်တော့ Mae က ⚽ကြိုက်သော ဝက်ကဖောင်း ချက်ထားသည်

ဒီနေ့တော့ ထမင်းစားကောင်းပီပေါ့ Mae ရာ

⚽ တစ်ယောက် ပျော်ရွှင်မြူးတူးနေလေရဲ့
"သားရေ ..... ရေမိုးချိုး အဝတ်စားလဲပီး ထွက်ခဲ့အုံး "

"ကဖောင်းဟင်းအပြင် ပဲကြာဇံသုပ်လေးပါသုပ်ထားတယ် ဗ်ုက်ဆာနေရောပေါ့"

"ဟုတ်ကဲ့ပါ Mae  ပီးရင်လာခဲ့ပါမယ်မေမေ"

..........
"သား စာသင်ရတာအဆင်​ပြေရဲ့လား "

"ဟုတ်ပြေပါတယ် Mae"

"စာရောလိုက်နိုင်ရဲ့လား
သူငယ်ချင်းတွေကောရနေပီလား"

"ဟုတ် Mae စာကတော့ လိုက်နိုင်ပါတယ်
သား Kaow ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရထားတယ် Mae
နောက်မှ Mae နဲ့ မိတ်ဆက်ပေးမယ် နော် ခုက စခင်တုန်းဆိုတော့ဟိဟိ"

"ရပါတယ် သားရယ် သားအဆင်ပြေရင် ပြီးတာပါပဲ
မေမေတို့က အလုပ်ကိစ္စကြောင့် တစ်နယ်ပီး တစ်နယ်ပြောင်းရတိင်း သားလဲကျောင်းတွေလိုက်ပြောင်းနေရတာဆိုတော့"

" Mae ဒါနဲ့   Phaw ရော  ပြန်မရောက်သေးဘူးလား"

"ခုတလော သားဖေဖေက စက်ရုံဝန်ထမ်း ခန့်ထားရေးနဲ့ပတ်သက်ပီး နဲနဲအလုပ်ရှုပ်နေတာကွဲ့"

"Phaw က သူဌေးပဲကို ဝန်ထမ်းခန့်ထားရေးက မန်နေဂျာကိုလွှဲလို့ရရဲ့သားနဲ့ Mae ကလဲ"

"သားအဖေ အကြောင်းလဲ မသိတာလဲမဟုတ် သူကအရင်ထဲကစေ့စပ်သေချာတဲ့လူလေ နေရာတကာ သူ့ခြေသူ့လက်ပါမှလုပ်ချင်တာ ပီးတော့ သူကမန်နေဂျာတွေကို ဟိုကိစ္စဖြစ်ပီးထဲက မယုံတော့တာ သားလဲအသိပဲလေ"

( ⚽ အဖေက Hygiene Thailand CEO ပါ ~~ ကြော်ငြာပေးရသေး
မန်နေဂျာတစ်ယောက်ကြောင့် ⚽အဖေ လုပ်ငန်းမှာ တော်တော်အထိနာသွားပါသေးတယ် )

............

⚽ တစ်ယောက် စာတွေလဲလုပ်ပီးပီ 10 နာရီလဲခွဲနေပီ

မအိပ်ခင် ဖုန်းလေးကို ကိုင်လိုက်မိသည် ( ကိုယ်တွေလိုပေါ့ )

Fb မှာ Friend request တစ်ခုပါလား မှန်းစမ်း profile ဝင်ကြည့်အုံးမှ ( ကိုယ်တွေလိုပဲ လက်မခံခင် ရုပ်နဲ့ဆုံးဖြတ်တာလေ )

HATE to LOVE  Unicode + Zawgyi  Where stories live. Discover now