Episode 19

1.9K 126 13
                                    

Unicode
            ပြန်လည်တွေ့ဆုံမှု

အချိန်ကာလ သုံးနှစ်တောင် ကြာသွားခဲ့ပြီ

ကျွန်တော်တို့ကြားက ဆက်ဆံရေး အေးစက်သွားတာ ဘယ်လို အကြောင်းတရားများကြောင့် ဆိုတာ ကျွန်တော်မသိ

ကျွန်တော်သိခဲ့တာ တစ်ခုကတော့

သူကျွန်တော့်ကို စာမလာ သတင်းမပါးဘဲ ထားခဲ့ တယ်ဆိုတာပါပဲ

ကျွန်တော်လဲ အောင်မြင်တဲ့ စီးပွားရေးသမား တစ်ယောက်ဖြစ်လို့

သူရော ခုဆို ဘယ်လိုပုံစံ ဘယ်လို အခြေအနေမျိုးနဲ့ ရပ်တည်နေမလဲ ကျွန်တော် သိချင်မိတယ်

သူထားခဲ့တဲ့ရက်ကစပီး သူ့ကို တစ်ရက်မှ မေ့မရခဲ့ပါဘူး

ကျွန်တော့်ရဲ့ သတိရမှုတွေအားလုံး စာအ​ပေါ်မှာ ပုံအပ်ထားလိုက်တယ်

လုပ်ငန်းခွင် ဝင်ဖြစ်တော့ အလုပ်အပေါ်ပဲ အာရုံထားခဲ့လိုက်တယ်

ဒီအချိန်များ ပြန်တွေ့ဖြစ်ရင် သူကျွန်တော့်အပေါ် ဘယ်လို ဆက်ဆံမလဲဆိုတာ သိချင်မိတယ်

အရင်လိုပဲ ချစ်နေအုံးမှာလား
စိမ်းကားသွားမှာလား ဆိုတာကိုပေါ့
_._._._._._._.
"ဟေ့ ဆူဖစစ် မင်းပြန်ရောက်နေပီ သတင်းကြားတယ်
ငါတို့ တစ်ဆိုင်ဆိုင်မှာတွေ့ရအောင်
Boat နဲ့ Cherry တို့တောင် လက်ထပ်တော့မှာကွ
ပစ်ထားတော်မူတဲ့ မင်းသားကြီး ငါတို့ကိုလဲ သတိရောရသေးရဲ့လား"

"အေးပါကွာ ငါလဲ ပြန်ရောက်ရောက်ချင်း စီစဉ်စရာလေးတွေ စီစဉ်နေရလို့ပါ
ငါတို့ ဘယ်နေ့ ဘယ်အချိန်တွေ့ကြမလဲပြောလေ
ဟိုအတွဲကိုလဲ congratulations လုပ်ရင်းပေါ့"

"အေး မင်းအားမယ့်အချိန်သာပြော ငါတို့ စီစဥ်လိုက်မယ်"

"ဒီအပတ် တနင်္ဂနွေ တော့အားတယ်
ငါခု နာမည်ကြီး photographer တစ်ယောက်ရဲ့ လက်ထောက်ဝင်လုပ်နေတယ်
အဲ့နေ့က အလုပ်နားရက်ဆိုတော့ အဆင်ပြေတယ်"

"Boat နဲ့ Cherry ကတော့ သူတို့ မင်္ဂလာဆောင်ရင် မင်းနဲ့ရိုက်မယ်တဲ့ ငါ့ကိုပြောတယ်"

"အေးပါကွာ ဟျောင့် တွေ့မယ့်နေရာလေး နဲ့ အချိန် ငါ့ကို တချက်ပြန်ပြောပေး"

HATE to LOVE  Unicode + Zawgyi  Where stories live. Discover now