Episode 14

2K 122 3
                                    

   Unicode

   ကျွန်တော့်တို့ရဲ့ ပထမဆုံးည

🔥🔥⚠️⚠️ Warning လေး နဲနဲ ပါပါမယ်နော်

မနက်ခင်းတစ်ခုရဲ့အစ

ကျွန်တော်တွေ့လိုက်ရသည်က ကျွန်တော်ဘေးမှာ အိပ်နေသောကောင်လေး
သူ့ဆံပင်လေးကို ညင်သာသောအထိတို့နှင့် ထိတွေ့ပွတ်သပ်မိသည်
ကျွန်တော့် အထိအတွေ့တို့ကို ထိုသူကို မသိစေချင်မိတာအမှန်ပင်
သို့ပေမယ့် ထိုသူ ထိုသူ မျက်လုံးတို့ကို ဖျတ်ခနဲ ဖွင့်လိုက်သည်

"နိုးနေပီလား ကနာလေး"

ကျွန်တော် ရှက်သွေးဖြာပီး နားရွက်တို့ပင် နီရဲသွားသည်
သူ့ပေါ် တင်ထားသော ကျွန်တော့်လက်တို့ကို ရုတ်သိမ်းလိုက်ပီး သူ့မျက်နှာကွယ်ရာသို့ ကျွန်တော့်ခန္ဓာကိုယ်ကို တစောင်းအနေအထားဖြင့် ကျောခိုင်းလိုက်သည်

ကျွန်တော့်ကို သူနောက်က သိုင်းဖက်ပီး မေးလိုက်သည်မှာ

"မင်း နာနေသေးလား"

ထိုစကား ထိုစကား..... ကျွန်တော်ကို မနေ့ညက အတိတ်ကို ပြန်သတိရစေပီး ပိုရှက်သွားစေသည်

_._._._._._.
မနေ့က ကျွန်တော်တို့ စားသောက်ပီး အိပ်ရာဝင်ကြမည် အပြင်
ကျွန်တော့်ဆီမှ သူမတောင်းစဖူးကတိတစ်ခု တောင်းသည်

သူ့ကို ဘယ်တွေ့မှ ခွဲမသွားဖို့ဆိုသည့်ကတိ

ကျွန်တော် ထိုကတိကို အချိန်တောင် တုံ့ဆိုင်းမနေဘဲ ပေးမိလိုက်သည့်အဖြေက

"အင်းပါ ငါမင်းကို ဘယ်တော့မှ ခွဲမသွားပါဘူး မင်းကငါ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အချစ်ရဆုံး သူငယ်ချင်းပါ"လို့ ဖြေခဲ့လိုက်သည်

သူ့မျက်နှာတွင် ကျွန်တော်ခွဲသွားမည်ကို အရမ်းပင် စိုးရိမ်နေသော အရိပ်အယောင်တို့ အထင်းသားဆိုသည်ကို သိလိုက်မိသည်

ဒါပေမယ့် သူခုထိ နားမလည်နိုင်သေးတာက

ငါကလေ မင်းခွဲသွားမှာ ပိုကြောက်တာ ဆိုတာကိုပင်

ကျွန်တော် ကြောက်နေခဲ့သည် ထိုအချိန်က
သူနဲ့ကျွန်တော်နှင့် ခွဲခဲ့ရသော နေ့ရက်တွေ အဲ့နေ့ရက်တွေမျိုး ထပ်မလိုချင်မိတော့တာ အမှန်ပါ

HATE to LOVE  Unicode + Zawgyi  Where stories live. Discover now