Unicode
Episode 5Unicode
ကောင်မလေးတစ်ယောက်"ဟေ့ရောင်တွေ ဟိုမှာ ကောင်မလေးတစ်ယောက် ငါတို့ဘက်ကို ရှိူးနေတာတွေ့လား " Run ကလှမ်းပြောတယ်
"အေးကွ ကောင်မလေးက ချောခောမိုက်မိုက်လေး ငါတို့ထဲက တစ်ယောက်ယောက်ကို ကြည့်နေတာများလား Mew ဟေ့ရောင် ကြားလား ငါတို့ပြောနေတာ"
"မင်းကြည့်ရတာ ခုတလောဘာဖြစ်နေတာလဲ ဘာမှသိပ်စိတ်မဝင်စားသလိုပဲ"
"ဟမ် အော် အင်းအင်း မဟုတ်ပါဘူးကွာ ငါသိပ်နေမကောင်းလို့ပါ"
"ဟဲ့ ဆူဖစစ်" Boat ရဲ့ ချစ်သူ Cherry မှ ခုံကို စာအုပ်နဲ့ လှမ်းရိုက်လိုက်ပီး ခေါ်လိုက်သည်
"ရော့ နင့်အတွက်တဲ့ ခုန ဟိုနားက ရပ်နေတဲ့ကောင်မလေးက ပေးသွားတာ"
"အစက နင်တို့ဖက်ကို ကြည့်နေတော့ ငါ့ Boat ကိုများ ြကည့်တာလားလို့ အူတိုပီး သွားစိန်ခေါ်မလို့ သူ့အနားအသွား နင့်အတွက်ဆိုပီး ပေးလိုက်တာ "
"မဟုတ်ရင်တော့ အဲ့ကောင်မနဲ့ ငါနဲ့တွေ့တော့မှာ"( သူကလဲအူတိုနေရသေး )
"ဟိုက် ဆူဖစစ် ဒီကောင်တော့ ကံဇာတာတွေတက်နေပါ့လား" Run ကစနောက်လိုက်တယ်
"ခုဆို ဒီကောင်ကလဲရတော့မှာဆိုတော့ ငါလဲမြန်မြန်ရှာအုံးမှပါလေ"
"ဟဲ့ စာမဖတ်ကြည့်ဘူးလား ငါတို့လဲ သိချင်တယ်လေဟာ" Cherry က ကို လှမ်းကြည့်ပီး ပြောလိုက်သည်
ကျောင်းခန်းထဲသို့
⚽ တစ်ယောက်ဝင်လာသည်"ပေးစမ်း နင်မဖတ်လဲ ငါဖတ်မယ် ဒီလို ဆိုးပေကောင်ကို ကောင်မလေးက စာပေးရတယ်လို့ စိတ်ဝင်စားစရာ အရမ်းကောင်းတယ် "
Cherry စာကို ဖွင့်လိုက်တဲ့အချိန်
⚽ လဲ ဘုမသိဘမသိနဲ့ သူ့နေရာမှာထိုင်လိုက်သည်ကပြောရမှာလဲအခက် စာကလဲလက်ထဲရောက်နေပီ Cherry စိတ်က တစ်ဇွတ်ထိုး သူလုပ်ချင်တာ လုပ်ရမှ Boat နဲ့က ငယ်သူငယ်ချင်းတွေ Cherry ကိုယ်တိုင်ကလဲ ခပ်မိုက်မိုက်ကောင်မလေးဆိုတော့ Boat လို ဆိုးပေအဖွဲ့ဝင်နဲ့ ကြိုက်တာ မဆန်းပါဘူးလေ (ခပ်မိုက်မိုက်ဆိုတာ Fighter မလေးကိုပြောတာနော် အရပ်ခပ်ပုပုလေးနဲ့ ချစ်စရာလေး )
YOU ARE READING
HATE to LOVE Unicode + Zawgyi
RomanceUnicode - ကျောင်းသားနှစ်ယောက်ရဲ့ ရန်ငြိုးဖွဲ့အမုန်းမှသည် အချစ်တစ်ခုဆီသို့ Zawgyi - ကျောင်းသားနှစ်ယောက်ရဲ့ ရန်ငြိုးဖွဲ့အမုန်းမှသည်အချစ်တစ်ခုဆီသို့