Unicode
တရားခံ ဘယ်သူလဲ😎ကံကြမ္မာကြီးက သိပ်ရက်စက်တယ်ဗျာ
ဘာလို့များ ကျွန်တော့်အပေါ် ရက်စက်ရတာလဲ
Video တစ်ခုကြောင့် ကျွန်တော့်အပေါ် gulf ဆက်ဆံရေး စိမ်းကားသွားခဲ့တယ်ထို video က ကျောင်း page မှာ တက်လာခဲ့တာ
အဲ့အရာက ကျွန်တော့်အပေါ် gulf စိတ်ပျက်အောင် လုပ်ပေးနေတယ်
အဲ့ဟာက
ကျွန်တော်နဲ့ jessica တို့ ကျောင်းမှာ တွေ့တုန်းက ရိုက်ထားတဲ့ video နဲ့တကွ
ရည်းစားဖြစ်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေ၁၇နှစ်အရွယ်ကျောင်းသားနဲ့ ဆေးကျောင်းသူတို့ အချစ်ပုံပြင်ဆိုပဲ
video ထဲမှာ ငိုနေတဲ့ jessica က ကျွန်တော့် လက်ကို ကိုင်ပီး ကျွန်တော့်ပေါ်မှီထားတယ်
ကျောင်းစည်းကမ်းနဲ့ဆို ကျွန်တော် ကျောင်းထုတ်ခံရနိုင်တယ်
ဒါရိုက်တာ အဖွဲ့ဝင်ဖြစ်တဲ့ ကျွန်တော်တိ့ မိသားစု သိက္ခာလည်း ထိခိုက်ခဲ့ရတယ်အတွက်
Pho နဲ့ Mae တို့က ဒီ video တင်တဲ့သူကို စီစစ်ဖော်ထုတ်ဖို့ တိုင်ပင်နေကြတယ်
ကျွန်တော့်အတွက် သိက္ခာတွေမလိုခဲ့ဘူး
ချစ်ရတဲ့သူ စိတ်ခုနေတာက ပိုပီး ပူလောင်နေခဲ့တယ်ကျွန်တော် တွေ့တွေ့ချင်း သူ့ဆီဖုန်းတွေဆက်ခဲ့တယ်
သူမကိုင်ခဲ့ဘူးကျွန်တော် ညတွင်းချင်း သူ့အိမ်ရှေ့သွားခဲ့တယ်
သူကျွန်တော့်ကို ထွက်မတွေ့ဘူးကျွန်တော် မသက်ဆိုင်ဘူးဆိုတာကိုပြောခဲ့ပေမယ်
ထိုအရာကို သူမြင်လိုက်ရတော့ သူ့စိတ်ထဲ ဒေါသဖြစ်မိမယ်ဆိုတာ ကျွန်တော်သိပါတယ်ကျွန်တော့်ကို သူခွင့်လွှတ်ဖို့ ကျွန်တော်ကြိုးစားမှာပါ သူ့အပေါ် လှည့်စားခဲ့တာ မဟုတ်ပါဘူး ကျွန်တော် တကယ်ချစ်ခဲ့တာပါ
သူသာလျှင် ကျွန်တော့် ချစ်ခြင်းတွေရဲ့ ဆုံစည်းရာပါ

BINABASA MO ANG
HATE to LOVE Unicode + Zawgyi
RomanceUnicode - ကျောင်းသားနှစ်ယောက်ရဲ့ ရန်ငြိုးဖွဲ့အမုန်းမှသည် အချစ်တစ်ခုဆီသို့ Zawgyi - ကျောင်းသားနှစ်ယောက်ရဲ့ ရန်ငြိုးဖွဲ့အမုန်းမှသည်အချစ်တစ်ခုဆီသို့