Episode 15

2K 111 7
                                    

Unicode
      ဦးဆုံး/ကိုယ်စိတ်ပူခဲ့ရတဲ့ မင်း

(Title လေးက လူနှစ်ယောက်က gulf ကို ရည်ရွယ်ပီး ပေးတဲ့ သဘောမျိုးပါ)

ကျွန်တော့်အတွက် ဒီနေ့ ကျောင်းတက်ရက်သည် ခါတိုင်းနေ့များနှင့်မတူပါ

ကျောင်းသို့လာသော ကျွန်တော့်အဖို့ ဝတ်စုံကလည်း ကိုယ်ပိုင်မဟုတ် Mae ကျောင်းရှေ့လာပို့ပေးလို့သာ ပါလာသော စာအုပ်လေးနဲ့ လွယ်အိတ်လေး
ကျောင်းလာတက်တယ်ဆိုသော  ကျွန်တော် မုန်းတယ်လို့ အများသိထားတဲ့ ဆူဖစစ်နဲ့မှ တစ်ကားတည်းစီးလာသော ကျွန်တော် ကနာဝပ်လေး

ဆူဖစစ်ကလဲ တော်တော်ပျော်နေပုံပါပဲ ကျွန်တော့်လက်ကြီးကို ဆွဲလို့

တော်တော်များများကလည်း ကျွန်တေယ်တို့ကို ကွက်ကြည့်ကွက်ကြည့်နဲ့ တီးတိုးစကားများပြောနေသံများ ကြားရသည်

ထူးဆန်းသည်ဟု ထင်နေကြသည်မှာလဲ မဆန်းပါ
ကျွန်တော်တို့ ရုတ်တရက် ပြောင်းလဲလာတဲ့ ဆက်ဆံရေးကို အားလုံးအံ့သြနေကြမည်ဆိုတာကို ကျွန်တော် ကြိုတွေးခဲ့မိပါသည်

အတန်းထဲသို့ ကျွန်တော်တို့ဝင်လာပုံကိုကြည့်ပီး တစ်တန်းလုံးနီးပါး အံ့သြသွားကျသည်

ဆူဖစစ်ရဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်တွေရဲ့နောက်ကို အသာအယာလေး လိုက်နေမိသော ကျွန်တော်

ထိုသူတွေထဲမှ ကျွန်တော့်သူငယ်ချင်း Kaow နှင့် ဆူဖစစ် သူငယ်ချင်းတို့ မှာတော်တော် အံ့သြနေပုံရသည်

"ဟဲ့ ဆူဖစစ် နင်က ဘယ်လိုဖြစ်ပီး ကနာဝပ် လက်ကို ဆွဲလာတာလဲ
နင်ဟိုနေ့ထဲက ပြောင်းလဲလာတာ" မစပ်စုစိန် Cherry မှ Mew ရှိရာသို့ အပြေးလာမေးသည်

"ဒီလိုပါပဲ ငါနဲ့ ခုဆို ကနာနဲ့က ခင်နေကြပီ နင်တို့လဲ ခင်လို့ရတယ်နော်"

"အော်အေးအေးပါ ငါလည်းနားမလည်တော့ပါဘူး အရင်ကတော့ ရန်ဖက်လို မုန်းပီးတော့"

"ခုက ချစ်သွားကြပီလေ"

"ဟမ်"

"သူငယ်ချင်း ညီအစ်ကိုလို"

ကျွန်တော့် နားထဲသို့ ဖြေးညှင်းသောအသံတစ်ခု ဝင်လာသည်

"မင်းနဲ့ ဆူဖစစ် ဘယ်လို ခင်သွားတာလဲ"

HATE to LOVE  Unicode + Zawgyi  Where stories live. Discover now