Zawgyi
" Prem ငါက လိုက်ရှာနေတာ မင်းက ဒီရောက်နေတာကိုး "
" ဗိုက်ဆာလို့ တခုခုလာစားတာ ဒါနဲ့ P' Yin မင်းကိုဘယ်ကိုခေါ်သွားတာလဲ "
" ဘယ်မှမဟုတ်ပါဘူး "
" ဒါလေးမေးတာကို ဘာလို့မျက်နှာကနီသွားတာလဲ "
" ဘာမှမဟုတ်ပါဘူးဆို "
" ဘာမှမဟုတ်တာတော့ မဟုတ်ဘူးထင်တယ် မင်းမပြောချင်လဲရပါတယ် War ရာ အေးဆေး မင်းပြောချင်တဲ့အချိန်မှပြောပြ ဟုတ်ပြီလား "
" အေးပါ ဒါနဲ့ မင်းရုပ်က ဘယ်လိုဖြစ်နေတာလဲ "
" ဘာဖြစ်ရမှာလဲ War ရဲ့ ငါပြောပြမယ် မင်းသွားတုန်းလေ ဘေးဆိုင်ကလူက ဝက်သားကင်လာဝယ်တယ်ကွ "
" အ့တော့ "
" အ့တော့တဲ့လား သူတို့ဆိုင်က တို့ဆိုင်ထက်ပိုရောင်းကောင်းတယ်ဆိုပြီး တမင်လာကြွားသွားတာလေ "
" မဟုတ်လောက်ပါဘူး ဒီတိုင်းဗိုက်ဆာလို့လာဝယ်တာလဲဖြစ်နိုင်တာပဲကို "
" မဟုတ်ပါဘူးဆို War မသိလို့ ငါ့ကိုတောင် အတင်းဝက်သားကင်ခိုင်းသေးတယ် "
" အေးအေး ထားပါတော့ စားပြီးရင် လာ သွားကြမယ် No တို့တွေမျှော်နေလောက်ပြီ "
" War ငါနေလို့သိပ်မကောင်းလို့ အိမ်အရင်ပြန်နှင့်လို့ရလား "
" တော်တော်မကောင်းတာလား ဆေးခန်းသွားကြမလား ငါလိုက်ပို့ပေးမယ်လေ "
" မလိုပါဘူး ခေါင်းနည်းနည်းမူးရုံပဲ ခနနားလိုက်ရင် သက်သာသွားမှာ "
" အေးအေး အ့ဆို ငါဆိုင်ပြန်သွားလိုက်အုန်းမယ်နော် "
" အင်း Bye bye "
Prem လဲ ကန်တင်းမှာဆက်ထိုင်မနေပဲ အိမ်ပြန်ဖို့ထလာပါတယ် ။ ခုနကထိ အကောင်းကြီးကို ခုမှ ဘာဖြစ်သွားမှန်းမသိဘူး အိမ်မြန်မြန်ပြန်ပြီး နားရမယ် ။ ကန်တင်းမှ အထွက်မှာပဲ Prem တစ်ယောက်ဘာမှမမြင်ရပဲ မိုက်ခနဲဖြစ်သွားတဲ့အချိန် တစ်ယောက်ယောက်က လှမ်းဖမ်းလိုက်လို့ မြေကြီးပေါ်ကျမသွားခဲ့ပါဘူး ။ ဖမ်းလိုက်တဲ့သူမျက်နှာတောင် မမြင်ရပဲ သူ့မျက်စိတွေမှိတ်သွားခဲ့ပါတယ် ။
YOU ARE READING
Our First Meet [ Z & U ]
FanfictionSawadee krub ကျွန်တော်နာမည်က Warut Chawalitrujiwong ပါ ။ မှတ်ရခက်တယ်မလား ဟဲဟဲ Prem လို့ခေါ်လဲရပါတယ် ။ ကျွန်တော် ဒီနေ့ ပြောပြမှာက လူတစ်ယောက်အကြောင်းပါ ။ အတိအကျဆို ကျွန်တော့်သိပ်ချစ်ရတဲ့လူတစ်ယောက်အကြောင်းဗျ ။ ကျွန်တော်သူနဲ့စတွေ့တုန်းက ဒီလောက်ထိချစ်မိသ...