Zawgyi
" Prem ..... Prem .....Shia Ai'Prem "
" ဘာလဲ နားကွဲတော့မယ် "
" ဒီလောက်ခေါ်နေတာကို မင်းမှမကြားတာကွ ဘာဖြစ်လာတာလဲ "
" ဘာမှမဖြစ်ပါဘူး ဘာလို့လဲ "
" မဖြစ်လဲပြီးတာပဲ လာ သွားမယ် "
" ဘယ်ကိုလဲ "
" ကန်တင်းလေ ငါ့ကို P'Yin စောင့်နေတယ် "
" အာ မင်းတို့ကတူတူလာတာမဟုတ်ဘူးလား "
" အေးလေ တူတူလာတာလေ ငါကမင်းကိုစောင့်နေလို့ P' ကို အရင်သွားခိုင်းလိုက်တာ လာ P' စောင့်နေတာကြာလှပြီ "
" ငါ မလိုက်တော့ဘူးလေ အတန်းထဲမှာပဲစောင့်နေမယ်လေ "
" ဘာဖြစ်တာလဲ ငါက ဗိုက်ဆာခံပြီးတော့ မင်းကိုစောင့်နေတာလေ "
တစ်ခါမှ နှုတ်ခမ်းမဆူစဖူး ဆူနေတဲ့သူငယ်ချင်းလေးကြောင့် ကျွန်တော်ပဲစိတ်လျှော့လိုက်ရပါတော့တယ် ။ အစထဲက သူ့ကိုစောင့်ရှောက်ဖို့ဆုံးဖြတ်ထားပြီးသားဆိုတော့လေ အဲ ခုတော့ သူ့ကိုစောင့်ရှောက်ဖို့ P'Yin ရှိနေပြီဆိုပေမဲ့ပေါ့ ...... ။
" အေးအေး လာ သွားမယ် မင်းရဲ့ဘဲနှုတ်သီးကြီးကို လျှော့လိုက်တော့ တော်ကြာ မင်းရဲ့P'Yin က ငါမင်းကိုအနိုင်ကျင့်တယ်ထင်နေအုန်းမယ် "
" ဘာကို ငါ့ရဲ့ P'Yin လဲ သွားမယ် သွားမယ် "
ကျွန်တော့်အထင်ပြောရရင်တော့ P'Yin နဲ့ War ကတွဲနေကြလောက်ပါပြီ ။ War က ခုထိဘာမှမပြောပြသေးပေမဲ့ သူတို့အပြုအမူတွေကြည့်ရုံနဲ့ ခန့်မှန်းလို့ရနေပြီ ။ အံ့တော့ အံ့သြစရာကြီးဗျာ စတွေ့တုန်းက အ့လောက်သတ်နေကြတဲ့နှစ်ယောက်က ခုတော့ကြင်နာနေလိုက်ကြတာ ။ သတ်နေတယ်ဆိုမှ ကျွန်တော်နဲ့ ဟိုအဖြူကောင်ရော ဘာထူးလို့လဲ ....... ခနလေး နေပါအုန်း အခု ကျွန်တော်က War တို့အတွဲနဲ့ ယှဉ်ပြီး ကျွန်တော်နဲ့ P'Boun အကြောင်းကိုစဉ်းစားနေတာလား ? ? ?
" Owiii ......! "
" Arrr Prem ဘာဖြစ်လို့လဲ ထမင်းကစားမကောင်းဘူးလား "
"မဟုတ်ဘူး မဟုတ်ဘူး နည်းနည်းအတွေးလွန်သွားလို့ "
ကံကောင်းလို့ ကျွန်တော်တို့ဝိုင်းနားမှာ လူတွေရှင်းနေလို့ ။ မဟုတ်ရင် ကျွန်တော့်အော်သံကြီးကြောင့် အကုန်လုံးလန့်သွားမှာအမှန်ပဲ ။ ကျွန်တော်လဲအရှက်ကွဲမှာသေချာတယ် ။
YOU ARE READING
Our First Meet [ Z & U ]
Hayran KurguSawadee krub ကျွန်တော်နာမည်က Warut Chawalitrujiwong ပါ ။ မှတ်ရခက်တယ်မလား ဟဲဟဲ Prem လို့ခေါ်လဲရပါတယ် ။ ကျွန်တော် ဒီနေ့ ပြောပြမှာက လူတစ်ယောက်အကြောင်းပါ ။ အတိအကျဆို ကျွန်တော့်သိပ်ချစ်ရတဲ့လူတစ်ယောက်အကြောင်းဗျ ။ ကျွန်တော်သူနဲ့စတွေ့တုန်းက ဒီလောက်ထိချစ်မိသ...