Hello ✌✌ယူတို့ကို ပြောစရာရှိလို့ အပြေးအလွှားလာပြောတာ 😚 ပထမဆုံးက Tree , Leaf , Wind ဆိုတဲ့ Story လေးကို တို့ publish လိုက်ပါပြီ ။ တို့ရဲ့ ပထမဆုံး OC လေးမို့ အများကြီး ချစ်ပေးကြဖို့ အကူညီတောင်းပါတယ် 😁 သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပါ ။ ဒီဇာတ်လမ်းလေးကို တို့ ၇တန်းလောက်စပြီးအိုင်ဒီယာရခဲ့တာ ။ အ့တုန်းကတော့ Normal အနေနဲ့တွေးခဲ့တာဆိုပေမဲ့ ခုတော့ BL ဖြစ်သွားပါပြီ 😅 ဇာတ်ကောင်နာမည်ပေးဖို့ကို တော်တော်လေးတိုင်ပတ်သွားသေး ။ နောက်ဆုံးတော့ OTP Name ကို Double Khant ဆိုပြီးပေးချင်တာနဲ့ပဲ ဇာတ်လိုက်နှစ်ယောက်ကို ခန့်ပါတာပဲရွေးဖြစ်သွားတယ် ။ နာမည်ကိုမြင်တာနဲ့ တို့ဘယ်လောက်ကြိုးစားပြီးစဥ်းစားထားလဲဆိုတာကို သိသွားလိမ့်မယ် 😐 ပြီးတော့ ပြောချင်တာကတော့ ဒီ Our First Meet လေးကို ပိုလန်က Translator တစ်ယောက်က ဘာသာပြန်ချင်လို့ဆိုပြီး ခွင့်ပြုချက်လာတောင်းထားပါတယ် ။ သူနဲ့ပြောပြီးဆိုပြီးလို့ Story ကိုလဲ Email နဲ့ပို့လိုက်ပါပြီ 😭 တို့ရဲ့ ဒီဇာတ်လမ်းလေးကို မြန်မာကသူတွေတင်မဟုတ်ဘူး ပိုလန်ကသူတွေပါဖတ်ကြတော့မှာမို့ စာရေးဖို့ကြိုးစားနေတဲ့သူတစ်ယောက်အနေနဲ့ အရမ်းပျော်နေပါတယ် ။ တို့ပိုပြီး ကြိုးစားဖို့လိုနေပြီလို့လဲ တွေးမိတယ် ။ အ့တာ လာကြွားတာ ဟီးဟီး Fb မှာတောင်မကြွားရသေးဘူး ။ ယူတို့က OFM အစကနေ အဆုံးထိ အတူတူရှိပေးခဲ့တဲ့သူတွေမို့ အရင်ဆုံးလာပြောပြတာပါ ဟဲဟဲ 😅
အားလုံးကို ချစ်တဲ့အရဲလေး 😚👻
YOU ARE READING
Our First Meet [ Z & U ]
FanfictionSawadee krub ကျွန်တော်နာမည်က Warut Chawalitrujiwong ပါ ။ မှတ်ရခက်တယ်မလား ဟဲဟဲ Prem လို့ခေါ်လဲရပါတယ် ။ ကျွန်တော် ဒီနေ့ ပြောပြမှာက လူတစ်ယောက်အကြောင်းပါ ။ အတိအကျဆို ကျွန်တော့်သိပ်ချစ်ရတဲ့လူတစ်ယောက်အကြောင်းဗျ ။ ကျွန်တော်သူနဲ့စတွေ့တုန်းက ဒီလောက်ထိချစ်မိသ...