Episode 10

696 87 3
                                    

Zawgyi

Boun POV : ကျွန်တော် ခုတလော ဝက်ခလေးကိုလိုက်ရှာနေရတာနဲ့ပင် အတန်းကိုမတက်ရဘူး ။ ပါမောက္ခကလဲ ကျိန်းလှပြီ ။ ဒါမဲ့လဲ မတတ်နိုင်ဘူးလေ ကိုယ်ကတွေ့ချင်နေတာကိုး ။ တစ်မေဂျာထဲအတူတူတက်နေပြီး တပတ်လုံးတစ်ခါလေးတောင် မတွေ့ရဘူးဆိုတာ ခင်ဗျားတို့ပဲစဉ်းစားကြည့်လေ ဖြစ်နိုင်ပါ့မလားလို့ ။ သူတမင်ရှောင်နေတာကို ကျွန်တော်သိတယ် ။ ဒါပေမဲ့ ဘာလို့ရှောင်နေတာလဲကို မသိတာ ။ အ့ကြောင့် ဒီနေ့ သူ့ကို ရအောင်တွေ့မယ်လို့ဆုံးဖြတ်ထားပြီ ။ သေသေချာချာရှင်းရှင်းလင်းလင်းဖြစ်အောင် မေးရမယ် ။ သူထပ်ပြီး ထွက်ပြေးလို့မရအောင် မနက်အစောကြီးထဲက သူ့အိမ်ရှေ့မှာလာစောင့်နေတာ ။ ဝက်ခလေးရေ မင်းအတောင်ပံပါမှပဲ ဒီနေ့ကိုယ့်လက်ထဲက ပြေးလို့လွတ်မယ် .......။

" သား Boun လား "

" Sawadee krub Mae "

" Wadee krub အမေက သားနဲ့တူလို့ဆိုကြည့်နေတာ ဘာလို့ အပြင်ရပ်နေတာလဲ လာအိမ်ထဲဝင်လေ "

" Krub Mae ဈေးကပြန်လာတာလား "

" ဟုတ်တယ် သားရဲ့ ခုတလော Prem ကိုကြည့်ရတာတမျိုးပဲလေ အ့ကြောင့် မနက်စာကိုသူကြိုက်တာလေးလုပ်ပေးမလို့ သား Boun ကရော သူနဲ့ချိန်းထားတာလား "

" Arrrr ဆိုပါတော့ 😅 "

" ဟယ် အ့တာကို ဒီကောင်လေးခုထိအိပ်ရာကမထသေးဘူးထင်တယ် ခနလေး အမေသွားနှိုးလိုက်အုန်းမယ် "

" ရတယ် ရတယ် အမေလုပ်စရာရှိတာပဲလုပ်ပါ ကျွန်တော်သွားနှိုးလိုက်မယ်လေ "

" အ့ကောင်လေးက နှိုးရတော့ခက်တယ် သားကိုပဲအားကိုးလိုက်တော့မယ်နော် "

" Krub Mae "

ကျွန်တော် ဝက်ခလေးရဲ့အိမ်ကိုရောက်ဖူးတာ ဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး ။ ဒါမဲ့ ဘာလို့သူ့အခန်းကိုသွားနေတဲ့အချိန်မှာ ရင်အ့လောက်ခုန်နေမှန်းမသိဘူး ။ အချစ်ဆိုတာ ဒီလိုပဲနဲ့တူပါတယ် ။ မမြင်ရရင် သေလောက်အောင်လွမ်းနေပြီး တွေ့ဖို့သွားနေတဲ့ ဆယ် စက္ကန့်လေးကိုတောင် ဆယ် ကမ္ဘာလောက်ကြာတယ်ထင်နေတာမျိုးလေ ။ ကျွန်တော်တော့ ရူးပြီထင်ပါရဲ့ ။ အခန်းတံခါးကိုဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်တော့ နှုတ်ခမ်းလေးစူပြီးအိပ်ပျော်နေတဲ့အကောင်ပေါက်လေး ။ Mae ရောက်မလာခင် သူ့ကိုနှိုးပြီးပြောစရာရှိတာ တစ်ခါထဲပြောမှဖြစ်မယ်ဆိုပေမဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့သူကို တကယ်မနှိုးရက်ဘူးဗျာ ။

Our First Meet [ Z & U ] Where stories live. Discover now