Zawgyi
Boun POV : သူတောင်မသိလိုက်ပဲ ဒီခလေးရဲ့ နှုတ်ခမ်းကိုထိကြည့်မိသွားတယ် ။ နူးညံ့လိုက်တာ ယောကျာ်းလေးတစ်ယောက်ရဲ့ နှုတ်ခမ်းက ဒီလောက်ထိ နူးညံ့နေဖို့လိုလို့လား ။ ချစ်စရာလေး ။ ဟမ် အခု ဒီစောက်ခလေးကို ချစ်စရာလေးလို့တွေးလိုက်မိသွားတာလား ။ ဟား Ai 'Boun ရေ မင်းတော့မူးနေပြီထင်တယ် ဟုတ်တယ် မူးနေပြီ အိပ်ရမယ် အဲ မအိပ်ခင် ရေအရင်ချိုးရမယ် ရေအရင်ချိုးရမယ် ။
____________________________________" Shia "
အော်သံနဲ့အတူ Boun တစ်ယောက်ကုတင်ပေါ်ကပြုတ်ကျသွားသည် ။ အိပ်တဝက်နိုးတဝက်နှင့် ကုတင်ပေါ်ကို ကုန်းရုန်းတက်လာရင်း
" ဘာဖြစ်တာလဲ "
" ခင်ဗျား ဘာလို့ကျွန်တော်အခန်းထဲရောက်နေတာလား "
" ရောက်နေတာလဲ လုပ်ပါ "
" အမ်း ရောက်နေတာလဲ "
" မနေ့က မင်းမူးနေတယ်လေ အ့တာ War က ပြန်လိုက်ပို့ခိုင်းလို့ "
" လိုက်ပို့ရုံပဲခိုင်းတာလေ ခင်ဗျား ဘာလို့ ကျွန်တော့်အခန်းထဲ အား ခင်ဗျားကျွန်တော့်ကို ဘာလုပ်လိုက်သေးလဲ "
" ဟမ် ငါက ဘာလုပ်ရမှာလဲ မင်းက လုပ်စေချင်နေတာလား "
" ဟေး မမိုက်ရိုင်းနဲ့နော် "
" ကိုယ်က မင်းပြောတာကို ပြန်ဖြေရှင်းရုံသက်သက်ပါပဲ မင်းပဲစဉ်းစားကြည့် ဒါ မင်းအိမ် ဒါ အခန်းထဲမှာ ကိုယ်က မင်းကိုဘာလုပ်နိုင်မှာလဲ မဟုတ်ဘူးလား "
" အင်း ဟုတ်သားပဲ ဒါနဲ့ ....... "
" Prem နိုးပြီလား အမေဝင်ခဲ့မယ်နော် "
" နိုးပြီ အဲ ခနလေး အမေရေ ဟေ့လူ ပုန်း ပုန်းလေ "
" ဟမ် ဘာကိုပုန်းရမှာ "
" သြော် သား Boun ရောနိုးနေပြီလား ရေချိုးပြီး မနက်စာစားဖို့ဆင်းခဲ့ကြနော် "
" ဟင် အမေက သိနေတာလား "
" ဘာကိုတုန်း အော် သားBoun က မနေ့က သားကိုပြန်လိုက်ပို့ပေးတာလေ ညနက်နေတာနဲ့ အမေအိမ်မှာအိပ်ခိုင်းလိုက်တာ "
" သြော် ..... "
"သြော် မနေနဲ့ ထတော့ ကျောင်းနောက်ကျနေမယ် "
YOU ARE READING
Our First Meet [ Z & U ]
FanfictionSawadee krub ကျွန်တော်နာမည်က Warut Chawalitrujiwong ပါ ။ မှတ်ရခက်တယ်မလား ဟဲဟဲ Prem လို့ခေါ်လဲရပါတယ် ။ ကျွန်တော် ဒီနေ့ ပြောပြမှာက လူတစ်ယောက်အကြောင်းပါ ။ အတိအကျဆို ကျွန်တော့်သိပ်ချစ်ရတဲ့လူတစ်ယောက်အကြောင်းဗျ ။ ကျွန်တော်သူနဲ့စတွေ့တုန်းက ဒီလောက်ထိချစ်မိသ...