Episode 1 [ Z & U ]

1.7K 142 4
                                    

Zawgyi

" Prem ! Prem ထတော့ ဒီနေ့ ကျောင်းတက်ရမဲ့ပထမဆုံးနေ့လေ ထတော့ နောက်ကျနေမယ် "

" Mae ခနလေး ၅မိနစ် လောက် ၅မိနစ်ပဲထပ်အိပ်မယ် နော် "

" မရဘူး ထတော့ နင် ခလေးလဲမဟုတ်ဘူး တက္ကသိုလ်ကျောင်းသားဖြစ်နေပြီ ငါခုချိန်ထိလိုက်ပြောနေရတုန်း "

" Oiii Mae တော်ပြီ ထမယ် Mae ပွစိပွစိပြောနေတဲ့အချိန်မှာအိပ်လိုက်ရရင် ၅မိနစ်ပြည့်နေပြီ အရမ်းပဲ ကိုယ့်သားလေး အိပ်ရေးဝပြီး ပါးဖောင်းဖောင်းလေးဖြစ်တာကို မကြည့်ချင်ဘူးလား "

" ဒီကောင်လေး ငါလုပ်လိုက်ရ သွား ရေချိုးတော့ မနက်စာပြင်ထားတယ် မြန်မြန်ဆင်းခဲ့ "

" Krub "

" ပြန်အိပ်မနေနဲ့နော် ငါနောက်တစ်ခေါက်ထပ်တက်မလာချင်ဘူး ကြားလား Prem "

" Krub Mae ရေချိုးခန်းထဲဝင်နေပြီ "

ဒါပါပဲ ကျွန်တော့်ရဲ့မနက်ခင်းကတော့ အမေ့ရဲ့ဆူပူသံတွေနဲ့ပဲ နိုးထရပါတယ် ။ ကျွန်တော်က အပျင်းထူပြီး မနက်စောစောမထတာမဟုတ်ပါဘူး ။ ဒီနေ့က ကျွန်တော်ရဲ့ University Student' Life ပထမဆုံးနေ့ဆိုတော့ စိတ်လှုပ်ရှားနေတာနဲ့ညက တော်တော်နဲ့အိပ်မရဘူး ။ အ့ကြောင့်အိပ်ရာထနောက်ကျသွားတာပါ ။ ဒီနေ့ ကျောင်းမှာ သူငယ်ချင်းအသစ်တွေရရော ရပါ့မလား အဆင်ရောပြေပါ့မလားမသိ ..... ။

" Prem ရေချိုးခန်းထဲမှာအိပ်နေတာလား ကြာလိုက်တာ "

တကယ်ပါပဲဗျာ တွေးနေတာတောင် အေးဆေးမတွေးရဘူး ။

" လာပြီ Mae လာပြီ "

" Mae သားချောရဲ့လား "

" ချောပါရှင့် မနက်စာစားတော့ ကျောင်းနောက်ကျနေမယ် "

" owiii Mae မမှီလောက်တော့ဘူး နောက်ကျနေပြီ သားသွားပြီနော် ကျောင်းရောက်မှ တခုခုစားတော့မယ် "

" သား Prem နေအုန်းလေ  သြော် ဒီခလေးနှယ့် "

×××××××××××××××××××××

" ခနလေး ကျွန်တော်လဲလိုက်မယ် ခနလေး "

ဟာ ခနလေးတောင်စောင့်ပေးမသွားဘူး ဒီ bus ကားကလဲ ဗိုက်ဆာရတဲ့အထဲ ကျောင်းကလဲနောက်ကျအုန်းမယ် ဒီနေ့ဘာနေ့လဲကွာ ဘာမှကိုအဆင်မပြေဘူး ။ ဒီလိုနဲ့ကျောင်းနောက်ကျမှာစိုးတာနဲ့ တက်စီစီးရတော့တာပဲ ။ အမေပေးလိုက်တဲ့မုန့်ဖိုးလေးတော့ ကုန်ပါပြီကွာ

Our First Meet [ Z & U ] Where stories live. Discover now