အပို်င်း(၁)(Z.U)

50K 1.7K 15
                                    

"​အော် သားပြန်လာပြီလား"
ဦးဘုန်းမြတ်သာလည်း ချွေးတရွဲရွဲနှင့်ပြန်လာသောသားကိုနှုတ်ဆက်လိုက်သည်။

သားကိုငယ်စဉ်တည်းကတည်ကြည်ခန့်ညားပြီးယောကျာင်္းပီသစေရန်ဦးဘုန်းမြတ်သာက ငယ်စဉ်တည်းကပြုစုပျိုးထောင်ပေးထားသည်။
ယောကျာင်္းလေးဖြစ်ပြီးနွဲ့နှောင်းနေတာကို ဦးဘုန်းမြတ်သာက နည်းနည်းမှမကြိုက်ပေ။ဒါကြောင့်လည်း သားဖြစ်သူကို ခန္ဓာကိုဖွံ့ဖြိုးအောင်လေ့ကျင့်ပေးထားသည်။ထို့အပြင်ဥာဏ်ရည်ဖွံ့ဖြိုးအောင်ပါပျိုးထောင်ပေးထားသည်။

အခုလည်းအဖြူရောင်စွတ်ကျယ်အပါးလေးနဲ့Gymကပြန်လာတဲ့သားလေးကိုကြည့်ပြီးပီတိဖြစ်နေလေသည်။

တစ်ကိုယ်လုံးချွေးတွေနဲ့စိုရွှဲနေသောကြောင့်အင်္ကျီလေးမှာဗိုက်သားနဲ့ကပ်နေသည်။
ခန္ဓာကိုယ်ပေါ်ကအင်္ကျီ​လေးကိုဗိုက်​ပေါ် မ တင်ကာ ပုခုံးထက်မှတပတ်လေးနှင့်ယက်ခပ်သလိုလုပ်နေလေသည်။
အင်္ကျီလေးအောက်မှပေါ်လာသောကြွက်သားတို့မှာအ​မြှောင်​မြှောင်နှင့်ဆွဲ​ဆောင်မှုပို​စေသည်။မီးခိုး​ရောင်ဘောင်းဘီတိုဝတ်ထားသည်မို့ခြေသလုံးကြွက်သားတို့ကိုအတိုင်းသားမြင်နေရသည်။တပတ်ကိုတန်းပေါ်တင်ကာ ရေခဲသေတ္တာထဲမှရေဘူးကိုဖြည်းဖြည်းချင်းသောက်နေသည်မှာနတ်သားတပါးအလားပင်။ရေစိုနေသောနှုတ်ခမ်းသားတို့ကိုလျှာလေးနဲ့အသာပွတ်လျက်ရေဗူးကိုပြန်ထားလိုက်သည်။နီဆွေးနေသောနှုတ်ခမ်းသားတို့မှာခန့်ညားမှုကိုပို၍အသက်ဝင်စေသည်။

Ring Ring'''''
အခုမှပြန်ရောက်တာရှိသေးဖုန်းဝင်လာသောကြောင့်စိတ်အိုက်သွားဟန်ဖြင့်ဖုန်းကို်င်လိုက်သည်။

"Hello ကျွန်တော် ဇေယျဘုန်းပြည့် ပါဗျ" ခနဲ့တဲ့တဲ့ပြောလိုက်သောကြောင့်တစ်ဖက်မှရယ်သံကျဲကျဲလေးထွက်လာသည်။

"ကိုကို ကလည်း ညီးမလေးက သတိရလို့ခေါ်လိုက်တာကို ဟွန့်"

"ဟုတ်ပါပြီဗျ ဒေါ်ယွန်းလဲ့သော်တာ မိန့်တော်မှုပါခင်ဗျ"
ညီမဝမ်းကွဲဖြစ်သူအားစနောက်ကာပြန်ပြောလိုက်သည်။

"ဟို ကိုကို စာမေးပွဲ ဖြေန်ုင်လား ဟီးဟီ"

"ဒါပြောချင်တာမဟုတ်ဘူးမို့လား သိတယ်နော် ဟွန့်"

𝐇𝐞 𝐢𝐬 𝐌𝐢𝐧𝐞(Completed) Where stories live. Discover now