Extra(2)🔞

12.4K 435 7
                                    

"လမ်းခွဲကြစို့ ညီပြန်တော့မယ်"

"ညီ..!."
ကျောခိုင်းပြီးထွက်သွားတဲ့ ညီရဲ့လက်ကို သူရိန်လှမ်းဆွဲလိုက်သည်။

"လွှတ်ဗျာ...အကြောင်းအရင်းကိုသေချာမသိဘဲ စိတ်တိုဖို့ ရွဲ့ဖို့လောက်ပဲသိတဲ့ ခင်ဗျားနဲ့ ဆက်မတွဲချင်တော့ဘူး"
ဇွဲနောင်လည်းကိုကိုလက်ကိုဖယ်ချလိုက်သည်။

"ညီ အဲ့ဒါတွေက ညီ့ကိုချစ်လို့ဖြစ်လာတာလေ ညီနားမလည်ဘူးလားကွာ ဟင် ညီ"
သူရိန်လည်း ညီရဲ့ခါးကိုတင်းကျပ်စွာဖက်ပြီးပြောလိုက်သည်။

"ဘာ...ချစ်လို့ဟုတ်လား
ချစ်ရင် စိတ်တိုတယ်လား..ရွဲ့တယ်တဲ့လား ပြောစမ်းပါဦး ဆရာဝန်ကြီးရယ် ကျုပ်ကခင်ဗျားလောက်မတတ်ပါဘူး"

"ညီ..အခု ညီကိုယ်တိုင်လည်း စိတ်တိုနေတာပဲမဟုတ်လား
အဲ့ဒါ ကိုယ့်ကိုချစ်လို့ဖြစ်နေတယ် ဆိုတာ ညီ မသိတာလားပြော"

"ဟား..ခင်ဗျားကိုဘယ်သူကချစ်တယ်ပြောလည်း
ခင်ဗျားကို..ကျုပ်..မချစ်...အွန့်.."
ဇွဲနောင်စကားမဆုံးသေးခင် ကိုကို့နှူတ်ခမ်းက ဇွဲနောင်ရဲ့နှုတ်ခမ်းပေါ်ကျရောက်လာသည်။

"ကိုကို...ဖယ်..ဖယ်ဗျာ.."
နွားသိုးကြီးကြိုးလွတ်လာသလို သွေးရူးသွေးတန်းနဲ့အတင်းနမ်းနေသောကိုကို့ကို ဇွဲနောင်လည်း ရုန်းကန်ရင်းပြောလိုက်သည်။

"ညီ့ကို ကိုကို အဆုံးရှုံးမခံနိုင်ဘူး
ကိုကို့ကို ညီထားသွားလို့မရဘူး..ညီက ကိုကို့အပိုင်ပဲ
ညီ့ကို ကိုကို အပိုင်သိမ်းမှရတော့မယ်"
သူရိန်လည်း ညီ့ကို မွေ့ယာပေါ်တွန်းလှဲလိုက်သည်။

"ကို..ကိုကို...ဘာ..ဘာဖြစ်နေတာလည်း."
ကိုကိုရဲ့ နီရဲနေတဲ့မျက်နှာနဲ့ အသက်ရှုသံပြင်းပြင်းတွေကြောင့် လှိုက်ဖိုနေသော ရင်ဘတ်တွေက ဇွဲနောင်ကို လန့်စေသည်။

"ညီ့ ကို ကိုကို အရမ်းချစ်တယ်
ညီ့ကို မစွန့်လွှတ်နိုင်ဘူး"
သူရိန်လည်း မွေ့ယာပေါ်ပက်လက်အနေအထားနဲ့ဖြစ်နေသော ညီ့ကိုယ်ပေါ်မှာ မှောက်အိပ်လိုက်သည်။

"အား..ကိုကို..ဖယ်ဗျာ
နေရခက်တယ်.."
ဇွဲနောင်လည်း ရင်ဘတ်ပေါ်မှာမှောက်အိပ်နေတဲ့ ကိုကို့ကို တွန်းဖယ်လိုက်သည်။ဒါပေမယ့် ကိုကိုက ဇွဲနောင်ရဲ့လက်တွေကို ချုပ်ကိုင်လိုက်ပြီး..

𝐇𝐞 𝐢𝐬 𝐌𝐢𝐧𝐞(Completed) Where stories live. Discover now