အပိုင်း(၄၃)

4.4K 349 9
                                    

"အမလေးဗျ...ဟိန်းရယ်..အသာလုပ်ပါ"

အပြေးလေးလာဖက်သော ဟိန်းကြောင့် ဘုန်းပြည့်တောင်နည်းနည်းယိုင်သွားသည်။

ဘုန်းပြည့်လည်း မွေးနေ့ကိတ်ကို လက်လေးတစ်ဖက်နဲ့ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်နဲ့ဟိန်းကိုဖက်ထားလိုက်သည်။

"ကိုဘုန်းကို လွမ်းနေတာ...ဟင့်..
မွေးနေ့မှာ တစ်ယောက်တည်း ဖြတ်သန်းရတော့မယ် ထင်နေတာ အဟင့်ဟင့်....တော်သေးတယ်..အဟင့်.ဟင့်..အများကြီးချစ်တယ် သိလား..နော်..နော်..ကိုဘုန်း"
ဟိန်းထက်လည်း ကိုဘုန်းရဲ့ခါးကိုတင်းကြပ်စွာဖက်ပြီး အလွမ်းသယ်နေလိုက်သည်။

"ဟိန်းမွေးနေ့ဆိုတာ ကိုဘုန်းသိတာပေါ့
ဒါကြောင့် ဟိန်းမွေးနေ့ မတိုင်ခင် အလုပ်တွေ အကုန်ပြီးအောင်လုပ်နေရတာ ကိုဘုန်း ဘယ်လောက်ပင်ပန်းမယ်ထင်လည်း ဟင်..ဟိန်း"
ဘုန်းပြည့်လည်း ဟိန်းရဲ့ခေါင်းလေးကိုကိုင်ပြီးမေးလိုက်သည်။

"အင်း ဟုတ်တယ်နော်
ကိုဘုန်း အရမ်းပင်ပန်းမှာပဲ..အူးမွ"
ဟိန်းထက်လည်း ခြေဖျားလေးထောက်ကာ ကိုဘုန်းရဲ့နှုတ်ခမ်းလေးကိုနမ်းလိုက်သည်။

"အမလေး...မားတို့ရှိနေတယ်နော် သားလေး
သတိလေးလည်း ထားကြဦး အဟမ်း..ဟမ်း"
သုနဒီလည်း ဘေးကရပ်ကြည့်နေရ၍ မနာလိုကာ ပြောလိုက်သည်။

"အေးလေ ငါတို့ရှေ့မှာတော့ ဆင်ခြင်ကြပဟ"
ဒီကမှ ကိုကို့ ကို သတိရနေပါတယ်ဆို ဟိန်းထက်က သူ့လင်နဲ့ကြည်နူးနေ၍ ဇွဲနောင်အမြင်ကပ်နေသည်။

"အေးပါဟာ နင်တို့ကလည်း
ငါက ကိုဘုန်းရဲ့နဖူးကိုနမ်းမလို့ပဲ ငါမှမမီတာ အဲ့ဒါမို့ နှုတ်ခမ်းကိုနမ်းလိုက်တာပါ ဘာဖြစ်တာကြလို့ ဟွန်း"
သူများကြည်နူးနေတာကို မနာလိုကာဝင်နှောက်နေသော သူငယ်ချင်းနှစ်ယောက်ကို ဟိန်းထက်ပြောလိုက်သည်။

"အာ..ကိုဘုန်းရဲ့ ဟိန်းလေးက ကိုဘုန်းရဲ့နဖူးကိုနမ်းချင်နေတာလား
အဲ့ဒါများ စောစောကပြောပေါ့ဟိန်းရယ် ကိုဘုန်းကနမ်းခိုင်းမှာပေါ့.. ကဲ နမ်းစေဗျာ"
ဘုန်းပြည့်လည်း ဟိန်းရှေ့မှာ မုဆိုးဒူးထောက်ထိုင်လိုက်ပြီး မွေ့နေ့ကိတ်လေးကိုပေါင်ပေါ်မှာတင်လိုက်သည်။ဟိန်း နမ်းရတာ အဆင်ပြေအောင်လို့ ဘုန်းပြည့်မျက်နှာလေးကိုမော့ပေးလိုက်သည်။

𝐇𝐞 𝐢𝐬 𝐌𝐢𝐧𝐞(Completed) Where stories live. Discover now