အပိုင်း(၂၉)

4.2K 363 6
                                    

"လာ ညီ့ကိုလာကယ်ဦး...ညီသေတော့မယ် မြန်မြန် လာ"

"ညီက ချစ်တယ်လို့ ပြောရင် ကိုကိုလာကယ်မယ်"

"ဟာဗျာ....!."
ဒီကသေတော့မှာပါဆို သူကအရေးထဲ လာroချင်နေသေးတယ်။

"နေဗျာ..လာမကယ်နဲ့ သေလို့ကတော့ ကိုကို့ ကိုဘယ်တော့မှမခေါ်တော့ဘူး"

"ဟာ..ညီ ကိုကိုကစတာ လာပြီလာပြီ"
ဂိမ်းရှုံးမှာကြောက်နေသော ညီ့အသံလေးက ချစ်စရာလေးမို့ သူရိန်စလိုက်သည်။ညီ ဂိမ်းရှုံးသွားမှာလည်းစိုးရိမ်ရသည်မို့ ညီ့ကိုသာ ကာကွယ်ပေးနေလိုက်သည်။

"ကျား..! ဒါမှငါကွ"
ဇွဲနောင်လည်း ဂိမ်းနိုင်သွား၍ ပျော်မြူးသွားသည်။

"ညီ ဂိမ်းဆော့ပြီးပြီဆိုတော့ အိပ်တော့နော်"
ပျော်မြူးနေသော ညီ့အသံလေးကိုကြားရ၍ သူရိန်လည်း ကျေနပ်နေသည်။

"ဟုတ်ကဲ့ အဲ့ဒါဆို ညီအိပ်ပြီနော်"

"Bye
Good night ညီ"

"ဟုတ်ကဲ့
Me too"
ဇွဲနောင်လည်း ဖုန်းလေးကို စားပွဲပေါ်တင်ကာ အိပ်လိုက်တော့သည်။

"......"

မနက်ခင်း အိပ်ယာနိုးတော့ ဘုန်းပြည့်လည်း ဘေးနားမှဖုန်းလေးကို ကြည့်လိုက်သည်။ဖုန်းဖွင့်လိုက်တာနဲ့ ဖေဖေဆီကမက်ဆေ့ကျလာသည်။ဖေဖေလွှဲပေးလိုက်တဲ့ပိုက်ဆံကိုသွားထုတ်ရဦးမယ်မို့ ဘုန်းပြည့်လည်း အိပ်ယာထပြီး မျက်နှာသစ်၊ကိုယ်လက်သန့်စင်လုပ်လိုက်သည်။

ကျောင်းတက်ရတော့မှာမို့ပြင်ဆင်စရာရှိတာတွေလုပ်နေရသည်မို့ ဘုန်းပြည့်လည်း ခြံမသွားဖြစ်တော့ပေ။အခုလည်း ပိုက်ဆံထုတ်ပြီးရင်Gymသွားစုံစမ်းရဦးမည်။အဝတ်စားတွေကိုတော့ ဟိန်းနဲ့အတူတူသွားဝယ်ချင်တာမို့ ကျောင်းပိတ်တဲ့နေ့ကြမှ ဟိန်းနဲ့အတူတူshoppingထွက်ဖို့ စိတ်ကူးထားသည်။

ပိုက်ဆံထုတ်ပြီးGymကိုသွားလိုက်သည်။ညနေကြ ဟိန်းကိုစာသင်​ပေးရမှာမို့ မနက်ခင်းချိန်ကိုသာ Gymကစားဖို့ ဘုန်းပြည့်ဆုံးဖြတ်လိုက်သည်။ထို့နောက်ကျောင်းသုံးပစ္စည်းတွေကိုဝယ်ခဲ့လိုက်သည်။

ဘုန်းပြည့်အိမ်ရောက်တော့ခဏနားလိုက်သည်။နေ့လယ်စာစားပြီး အန်တီလဲ့ကို ကူညီဖို့အတွက် ခြံကိုထွက်သွားလိုက်တော့သည်။

𝐇𝐞 𝐢𝐬 𝐌𝐢𝐧𝐞(Completed) Where stories live. Discover now