Extra(5)(The end)

8.3K 395 28
                                    

"ဟမ်...သားလေး..သူငယ်ချင်းလက်ကိုလွှတ်လိုက်လေ"
စည်သူကထွက်သွားမယ်လုပ်ပေမယ့် သားလေးရဲ့ဘယ်ဘက်လက်နဲ့ ထိုကလေးလေးရဲ့ ညာဘက်လက်နဲ့က ချိတ်ဆက်မိနေသည်။

"အော်...ကလေးတွေကတော့ဗျာ..မွေးကင်းစတည်းက အဖော်မက်လှပြီ..ဟားဟား"
တစ်ဖက်လူကလည်း ချိတ်ဆွဲနေသော ကလေးနှစ်ယောက်လက်ကို ကြည့်ပြီး သဘောတကျရယ်နေသည်။

စည်သူလည်း ထိုလက်တွေကိုဖြုတ်ရန် သားရဲ့လက်ကလေးကိုအသာလေးကိုင်လိုက်သည်။

"ဟမ်...အစ်ကို ကျွန်တော့်သားရဲ့ အမာရွတ်က ပိုနီလာသလိုပဲ"
သားလေးရဲ့လက်က အမာရွတ်က ပိုနီလာ၍ စည်သူလန့်သွားသည်။

"ဘာမှမဖြစ်ပါဘူးဗျာ..ကလေးကနုသေးလို့ပါ.."
ရင်ခွင်ဦးဆိုတဲ့ ကလေးလေးရဲ့လက်ကိုကြည့်ပြီးပြောလိုက်သည်။ထို့နောက် ဘုန်းမြတ်ငယ်ရဲ့ လက်ကိုအသာလေးဆွဲဖယ်လိုက်သည်။

ဘုန်းမြတ်ငယ်ရဲ့လက်ကအမာရွတ်လေးလည်း နီရဲနေတာကိုတော့ပြောမနေတော့ဘဲ အနှီးလေးနဲ့ အသာဖုံးကာ ထွက်လာခဲ့တော့သည်။

စည်သူလည်း သားလေးရဲ့လက်က အမာရွတ်ကိုပြန်ကြည့်လိုက်သည်။

"ဟမ်..အမာရွတ်က..ဘာလို့အရောင်ပြန်ကျသွားတာလည်း"
စည်သူလည်း သားလေးကို နားမလည်နိုင်ခြင်းများစွာနှင့်ပွေ့ချီပြီး မှူးရဲ့အနားသာ သွားလိုက်သည်။

မှူးလည်း ပင်ပန်း၍ နှစ်နှစ်ခြိုက်ခြိုက်အိပ်​ပျော်သွားသည်။
သားလေးကလည်း ဘယ်လက်ကလေးကို ဆုပ်လျက် ရင်ဘတ်ပေါ်လက်တင်ကာ အိပ်ပျော်သွားသည်။

စည်သူလည်း အိပ်ပျော်နေတဲ့သားလေးကိုကြည့်ပြီး ရင်ထဲလွမ်းဆွေးသလို ခံစားလာရသည်။

"အတိတ်ဘဝက ဘယ်လိုတွေဖြစ်ပျက်ခဲ့တာလည်း သားလေးရယ်"
စည်သူလည်း သားလေးရဲ့နှဖူးလေးကို ဖွဖွနမ်းလိုက်သည်။

ထို့နောက် စည်သူလည်း သားလေးနဲ့မှူးကို စောင့်ရင်း အိပ်ပျော်သွားတော့သည်။

"...."

ဘုန်းပြည့်လည်း အိပ်ယာနိုးသည်နှင့် ရင်ခွင်ထဲအိပ်နေသော ဟိန်းကို သေချာကြည့်လိုက်သည်။

𝐇𝐞 𝐢𝐬 𝐌𝐢𝐧𝐞(Completed) Where stories live. Discover now