အပိုင်း(၂၁)

4.7K 432 12
                                    

"Ring....Ring..."
သူရိန်စုံစမ်းခိုင်းတဲ့ကိစ္စကိုသိပြီမို့ ဘုန်းပြည့်ဖုန်းဆက်လိုက်သည်။

"Hello ဇေယျ အခြေနေဘယ်လိုလည်း"
အစည်းဝေးခန်းထဲကထွက်လာတော့ ဇေယျဆီကဖုန်းလာ၍ အခြေနေမေးလိုက်သည်။

"အေး ငါနဲ့ Mailနဲ့ပို့ထားတယ် ကြည့်ကြည့်လိုက်"

"အေးပါ ဒါနဲ့ဇေယျ မင်းဘယ်Uniတက်မှာလည်း
ငါတော့ ဆေးမှတ်မီတယ် မင်းရောဘယ်လိုလည်း"
အမှတ်စာရင်းထွက်ပြီဖြစ်သောကြောင့် သူရိန်မေးလိုက်သည်။

"အင်း ငါက ရန်ကုန်မှာဆိုရင်တော့ TUမီတယ်ဟ ဒါပေမယ့် ငါရန်ကုန်မတတ်ချင်ဘူး မုံရွာပြောင်းမလားလို့"

"ဘာ.!
မင်းကဘာလို့လည်းဟ မင်းချစ်သူတွေရနေပြီလား"
ရန်ကုန်ကနေ မုံရွာပြောင်းမယ်ဆို​တော့ သူရိန်အံ့ဩသွားသည်။

"ဆိုပါတော့ အဲ့လိုပဲပေါ့ ငါသူနဲ့မဝေးချင်ဘူး အဲ့ဒါကြောင့်ပါ"

"အေးပါကွာ မင်းကောင်မလေးက ချောလား ချစ်စရာကောင်းလား ဘယ်လိုလေးလည်း"
ဘုန်းပြည့်လို ဘယ်ကောင်မလေးကိုမှ အရေးမလုပ်ဖူးတဲ့သူက မဝေးနိုင်လောက်အောင်ချစ်နေပြီဆိုတော့ သူရိန်စိတ်ဝင်စားမိသည်။

"မဟုတ်ဘူးကွ ငါချစ်သူက ယောကျာင်္းလေး"
ဒီကိစ္စကို ရှက်စရာလို့ဘုန်းပြည့်မမြင်ပေ။ဒါကြောင့်လည်း ကိုယ့်လိပ်ပြာကိုယ်လုံ၍ အမှန်တိုင်းပြောလိုက်သည်။

"ဟမ်....ဒါဆိုမင်းက.."
သူရိန်ဆက်မေးလိုက်သည်။

"အေး..မင်းထင်ချင်သလိုထင်နိုင်တယ်
ငါကလည်း သူကလွဲရင်ဘယ်သူ့မှချစ်မရတော့ဘူး သူက ငါရဲ့ပထမဆုံးနဲ့ နောက်ဆုံးအချစ်ပဲ"

"အေးပါ မင်းအဆင်ပြေရင်ပြီးတာပါပဲ ဒီကိစ္စကို ဘယ်သူတွေသိပြီးပြီလည်း"
သူရိန်ထပ်မေးလိုက်သည်။

"မင်းပဲ သိသေးတာ ဖေဖေ့ကိုတော့ အချိန်အတိုင်းတာတစ်ခုရောက်မှဖွင့်ပြောတော့မယ် ငါကအဖြေလည်းအရသေးဘူး  "
ငါ့ချစ်သူလို့သာသုံးနေတာ ဟိန်းကအခုထိအဖြေမပေးရသေးပေ။

"F**k ငါ့ချစ်သူဆိုလို့ အထင်ကြီးမိပါတယ် အရူးကောင်
အဖြေမရသေးဘဲနဲ့ ပြောနေတာကိုး ဟား..ဟား.."
လေကြီးမိုးကြီးပြောနေသော ဇေယျအား သူရိန်ဆဲပစ်လိုက်တော့သည်။ယောကျာင်္းတစ်ယောက်ကို ယောကျာင်္းတစ်ယောက်က ချစ်တယ်လို့ဖွင့်ပြောတာ လွယ်တဲ့ကိစ္စမဟုတ်မှန်းသူရိန်သိသည်။ဒါကိုဇေယျက ငါ့ချစ်သူဆိုပြီးပြောနေတော့ သူရိန်အထင်ကြီးမိသွားသည်။ပြီးမှ အရူးကောင်က အဖြေမရသေးဘူးတဲ့လေ။

𝐇𝐞 𝐢𝐬 𝐌𝐢𝐧𝐞(Completed) Where stories live. Discover now