"ပေါင်မနားလည်း ဖင်နာမှာမို့လား..ဟွန့်"
"အမ်."
ဟိန်းရဲ့ စကားကြောင့် ဘုန်းပြည့်ဘာပြောရမလည်းတောင်မသိတော့ပေ။"ဟိန်းကလည်း..ကွာ..နော် ဒီ..ဒီတစ်ခါတည်းပါဆို နော် နော်လို့"
"တော်ပြီ မနက်စောစောစီးစီး ဘယ်လိုဖြစ်နေလည်း မသိဘူး
မင်္ဂလာတောင်မဆောင်ရသေးဘူး မပေးပါဘူး
မင်္ဂလာဆောင်မှ ပေးမယ် သိလား အခုတော့ ဗိုက်ဆာနေပြီ သွားတော့မယ်"
ဟိန်းထက်လည်း ကိုဘုန်းရင်ဘတ်ကိုတံတောင်နဲ့တွက်ထားခဲ့လိုက်သည်။"အေး..ဟိန်းပြောတာနော်
မင်္ဂလာဆောင်ပြီးရင်တဲ့နော် အဲ့အချိန်ကြကိုဘုန်းက အမုန်းဆွဲမှာဗျ..ဟမ်းဟမ်း"
ဘုန်းပြည့်လည်း ရေချိုးခန်းထဲဝင်သွားသည့် ဟိန်းကို လှမ်းပြောလိုက်သည်။"ထ မျက်နှာသွားသစ်ဦး"
လူကြီးလုပ်ပြီး မထသေးဘဲ အိပ်နေသော ကိုဘုန်းကို ဟိန်းထက်လည်း ခေါင်းအုံးနဲ့ပစ်ပေါက်လိုက်သည်။"ဟမ့်...ကိုဘုန်းက ထမရလို့"
ညတုန်းက ဟိန်းစောင့်ကန်ထား၍ ဘုန်းပြည့်ဖင် နာနေသည်။"ဘာလို့ ထမရတာလည်း"
"ညတုန်းက ဟိန်း ကန်ထားတာလေ မေ့နေပြီလား"
"အဲ့ဒါလေးတောင် နာတယ်တဲ့
ကိုယ်ချင်းစာကြည့်လေ ဟိန်းဆိုရင် ဘယ်လောက်နာမလည်းဆိုတာ ဟွန့်"
ဟိန်းထက်လည်း ကိုဘုန်းကို မျက်စောင်းထိုးကာပြောလိုက်သည်။"ဟဲဟဲ...အဲ့လိုလား...အဲ့ဒါဆို အခု ကိုဘုန်းမနာတော့ဘူးလေ နော်
မနာတော့ဘူး သိလား ဟဲဟဲ မျက်နှာသွားသစ်တော့မယ် အာဘွား"
ဘုန်းပြည့်လည်း နာ နေလျက်နဲ့ အောင့်အီးပြုံးကာ ဟိန်းရဲ့ ပါးလေးကို အာဘွားပေးပြီး ရေချိုးခန်းထဲဝင်သွားလိုက်သည်။"တော်တော်လဲ တတ်နိုင်တဲ့ လူကြီး "
ဟိန်းထက်လည်း တစ်ယောက်တည်း တီးတိုးရေရွတ်နေလိုက်သည်။"ဟိန်း...ပြင်ပြီးပြီလား"
"ဟုတ်ကဲ့ ကိုဘုန်း"
"လာ အဲ့ဒါဆို အောက်ဆင်းကြစို့"
ဘုန်းပြည့်နှင့် ဟိန်းထက်လည်း မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
YOU ARE READING
𝐇𝐞 𝐢𝐬 𝐌𝐢𝐧𝐞(Completed)
Storie d'amore"ကလေးကိုစရင်းနောက်ရင်းနဲ့ ကိုယ့်အချစ်နယ်ထဲဝင်လာစေရမယ် နောက်ပြီးကလေးကို ကိုဘယ်တော့မှပြန်မလွှတ်တော့ဘူး တစ်ခုပဲ သူများတွေလို romance ဆန်ဆန် ကလေးကိုမချစ်ပြတတ်လို့တောင်းပန်ပါတယ်ကလေးရယ်" #ဇေယျဘုန်းပြည့်# "ကလေးကိုအမြဲစနောက်နေတတ်တဲ့ကိုကိုကကလေးကိုချစ်တယ်ဆိုတ...