အဂင်္လိပ်ဘာသာပြန်နိဒါန်းအကျဥ်းချူပ်

1K 61 2
                                    

ခန်းဆောင်နီအိပ်မက်(Dream of the Red Chamber: 红楼梦)
ရေးသားသူ:ချောင်းရွှယ်ချင်(cao xueqin)

ချင်မင်းဆက် ၊ ကျိန်းလုံဘုရင်၏ လက်ထက် ဆယ့်ရှစ်ရာစုနှစ်အလယ်လောက်တွင် ရေးသားခဲ့သည့် "ခန်းဆောင်နီအိပ်မက်" ဝတ္ထုကြီးသည် တရုတ်ဂန္တဝင်တွင် ထင်ရှားခဲ့သည့် ဝတ္ထုကြီးတစ်ပုဒ်ဖြစ်ပြီး လွန်ခဲ့သည့် အနှစ်နှစ်ရာတစ်လျှောက်လုံး ထင်ရှားခဲ့သည့် ဝတ္ထုကြီးဖြစ်လေသည်။

ကျိန်းလုံမင်းလက်ထက် (၁၇၃၆-၉၅)တွင် ထိုဝတ္ထုကြီးပေါ်ပေါက်ခဲ့ခြင်းသည် မတော်တဆပေါ်ပေါက်ခဲ့ခြင်းမဟုတ်ချေ။ ထိုဝတ္ထုကြီးသည် တရုတ် မြေရှင်ပဒေသရာဇ်ခေတ်အတွင်းရှိ လူတန်းစားတိုက်ပွဲများနှင့် လူတန်းစားပဋိပက္ခများ၏ ရလာဒ်ဖြစ်လေသည်။

ချင်မင်းဆက် (၁၆၄၄-၁၁၁)သည် တရုတ်ပြည်၏ နောက်ဆုံးပဒေသရာဇ်မင်းဆက်ဖြစ်လေသည်။ ထိုကာလသည် တရုတ်ပြည်၏သမိုင်းတွင် အတော်အတန်ငြိမ်သည့်ကာလ​ဖြစ်သည့်တိုင် ပဒေသရာဇ်စနစ်သည် ပြိုလဲပျက်စီးလျက်ရှိပြီး ထိုစနစ်အတွင်းရှိ ပဋိပက္ခများသည်လည်း ပြင်းထန်လျက်ရှိသည်။

ထိုမင်းဆက်ခေတ်၌ နိုင်ငံတော်ယန္တရားသည် အဓိကအားဖြင့်မင်မင်းဆက်(၁၃၆၈-၁၆၄၄)တွင်ရှိခဲ့သည့် မြေရှင်ပဒေသရာဇ်သက်ဦးဆံပိုင်စနစ် ပုံသဏ္ဍာန်အတိုင်းပင်ဖြစ်ပြီး နိုင်ငံ၏အာဏာသည် ပဒေသရာဇ်မြေရှင်လူတန်းစား၏ လက်ထဲတွင်ရှိလေသည်။တစ်နည်းပြောရလျှင် ထိုခေတ်၏အာဏာသည် မင်မင်းဆက်သက်ဦးဆံပိုင်စနစ်၏ နိုင်ငံရေးအာဏာကို ဆက်လက်တိုးချဲ့ထားသည့် အာဏာပင်ဖြစ်လေသည်။

ချင်မင်းဆက်ခေတ်အစ၌ လူမှုစီးပွားရေးအခြေအနေသည် ကြာရှည်သည့် စစ်ပွဲများကြောင့် ဖရိုဖရဲဖြစ်လျက်ရှိလေသည်။သို့ရာတွင် ၁၈ရာစုမှစ၍ အုပ်ချူပ်သူ လူတန်းစားသည် ကုန်ထုတ်လုပ်ရေးတွင်အားထုတ်ကြိုးပမ်းခဲ့ကြသဖြင့် တိုင်းပြည်တွင် အခြေအနေတိုးတက်ကောင်းမွန်လာခဲ့လေသည်။ခန်းရှီးမင်းလက်ထက် (၁၆၉၂ -၁၇၂၂)နောက်ပိုင်းတွင် လယ်ယာစိုက်ပျိူးရေးသည် ယခင်အခြေအနေသို့ ပြန်ရောက်လာခဲ့ရုံမျှမက ယခင်ကထက်ပင်တိုးတက်လာခဲ့သည်။ထိုမင်းလက်ထက်နောက်ပိုင်း ယုံးကျိန့်မင်း လက်ထက်(၁၇၂၃-၁၇၃၅)နှင့် ကျိန်းလုံမင်းလက်ထက်တို့တွင် စိုက်ပျိူးရေးသာမက သတ္တုတူးဖော်ခြင်း၊ပုံနှိပ်အတတ်ပညာစသော အခြားလုပ်ငနး်များတွင်လည်းတိုးတက်လာခဲ့လေသည်။အထည်ရက်လုပ်ခြင်းမှာ၁၆ရာစုနှစ်ထက်ကပင် တိုးတက်ထွန်းတောက်လာခဲ့ပြီး ထိုခေတ်အတွင်း၌ နိုင်ငံခြားကုန်သွယ်မှုနှင့် ကုန်သွယ်ရေးတို့သည်လည်း တိုးတက်လာခဲ့လေသည်။ ကုန်သွယ်မှုနှင့် လက်မှုလုပ်ငန်းပေါ်တွင်အခြေခံသည့် သန္ဓေတည်စ အရင်းရှင်စနစ်သည် ချင်မင်းဆက်အစတွင်ကန့်သတ်ချူပ်ချယ်ခြင်းခံခဲ့ရသော်လည်း ထိုကာလများတွင်ပြန်လည်ရှင်သန်လာခဲ့လေသည်။

A DREAM OF RED CHAMBER (红楼梦)ခန်းဆောင်နီအိပ်မက် Where stories live. Discover now