ချင်ရှိယင်သည် အိပ်မက်ထဲ၌ မနောမယိဒ္ဓိကျောက်စိမ်းတုံးကို မြင်မက်ခြင်း၂

226 22 35
                                    

Unicode

တစ်ရံရောအခါ၌ မြေကြီးသည် အရှေ့တောင်အရပ်တွင် နိမ့်ဆင်းသွားလေ၏။ထိုနိမ့်ဆင်းရာအရပ်တွင် ဆူချောင် အမည်ရှိ မြို့တစ်မြို့ရှိ၏။

ထိုမြို့ရှိ ချိန်မင်းတံခါး ခေါ် မဂင်္လ ာ တံခါးအနီး၌ မှုးမတ်သူဌေး သူကြွယ်တို့နေထိုင်ရာ ခမ်းနားသည့်ရပ်ကွက်တစ်ခုရှိပေ၏။မင်္ဂလာတံခါးအပြင်ဘက် ေသာင်းတိုင် လမ်းအနီးတွင်မူ သန့်စင်လမ်းဟူသော လမ်းကလေးတစ်ခုရှိလေ၏။ ထိုလမ်းပေါ်တွင် ရှေးဘုရားတစ်ဆူရှိ၏။နေရာကျဥ်းကျဥ်းကလေးတွင် တည်ထားသည့် စေတီဖြစ်သဖြင့် ရှည်မြောမြော သဏ္ဍာန်ရှိသောကြောင့် ထိုဘုရားကို ဗူးဘုရားဟု ခေါ်ဝေါ်သမုတ်ကြလေ၏။

ထိုဗူးဘုရားအနီးတွင်မူ ရှိယင်ဟူသော အမျိုးကောင်းသားတစ်ဦးနေထိုင်လျက်ရှိ၏။သူ့ဇနီး ဖန် သည်လည်း သမာသမတ်ရှိ၍အကျင့်သိက္ခာနှင့်ပြည့်စုံသော မိန်းမတစ်ဦးဖြစ်၏။ရှိယင် တို့ လင်မယားသည် ချမ်းသာသော သူကြွယ် မှူးမတ်မျိုးမဟုတ်သည့်တိုင် ၎င်းတို့ဇနီးမောင်နှံကို အားလုံး ချစ်ခင်လေးစားကြလေသည်။

ရှိယင်သည် အေးချမ်းစွာနေထိုင်သူတစ်ယောက်ဖြစ်၏။ရာထူးဂုဏ်၊ဓနဂုဏ်တို့ကို မက်မောခြင်းမရှိဘဲ ပန်းပင်စိုက်ခြင်း၊ဝါးပင်စိုက်ခြင်း၊ဝိုက်အရက်သောက်ခြင်း၊ကဗျာစာပေတိို့ကိ​ု လိုက်စားခြင်းဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်လျက်ရှိ၏။ ရှိယင်တွင် တစ်ခုသာ လို၏။ ရှိယင်သည် အသက်ငါးဆယ် ကျော်ခဲ့ပြီ။သို့ရာတွင် သားယောက်္ျားလေး မရှိသေးချေ။ ယင်လင်း (မကြာ​ဖြူ)
ူအမည်ရှိ သုံးနှစ်သမီးကလေး တစ်ဦးသာ ရှိ၏။

ပူပြင်းရှည်လျားသည့် နွေရာသီနေ့တစ်နေ့၌ ရှိယင်သည် သူ့အိမ်ရှိ ပိဋကတ်ခန်းတွင် ထိုင်၌ စာဖတ်လျက်ရှိစဥ် စာအုပ်သည် လက်မှလွတ်ကျသွားကာ စားပွဲပေါ်တွင် ခေါင်းတင်ပြီး အိပ်ပျော်သွားလေ၏။

အိပ်မက်ထဲ၌ ရှိယင်သည် အရပ်တစ်ခုသို့ သွားရောက်လည်ပတ်နေစဥ် သူ့အနီးသို့ ဗုဒ္ဓ၏ သားတော် မထေရ်တစ်ပါးနှင့် တာအိုရဟန်းတစ်ပါးတို့ စကားပြောဆို လာသည်ကို မြင်ရ၏။ တာအိုရဟန်းက....

A DREAM OF RED CHAMBER (红楼梦)ခန်းဆောင်နီအိပ်မက် Waar verhalen tot leven komen. Ontdek het nu