Zawgyiအလယ်တန်း ပထမနှစ်။
အသက် ၁၃နှစ်အရွယ် Lee Eunsang။ပထမဆုံးအလယ်တန်းစတက်ချိန်ဖြစ်၍စိတ်လှုပ်ရှားနေတာကတော့အမှန်။ ပထမဆုံးယူနီဖောင်းဝတ်ရတာလည်းဖြစ်၍သဘောကျသလိုလည်းခံစားရသည်။
" Eunsang ah "
ခေါ်သံတစ်ခုကြောင့် eunsangလှည့်ကြည့်တော့ သူနဲ့ရပ်ကွက်တူသည့်သူငယ်ချင်း Cha Junho။ မူလတန်းတုန်းကတော့ကျောင်းမတူခဲ့တာကြောင့် သိပ်မရင်းနှီးခဲ့ပေမယ့် ရပ်ကွက်ထဲအုပ်စုလိုက်စက်ဘီးပတ်စီးသည့်အခါ ဘောလုံးကန်ကြသည့်အခါတွေမှာဆုံဖူးခဲ့တာကြောင့် တအားကြီးစိမ်းသက်မနေ။ အနည်းဆုံးအသိရှိတာပေါ့။
အခုချိန်ကစပြီး ကျောင်းကလည်းတူသွားပြီဆိုတော့သူတို့ဒီထက်ပိုပြီးရင်းနှီးနိုင်မည်ဟုမျှော်လင့်ပါသည်။
" ဘယ်အခန်းလဲ "
" အခန်း ၂ "
" ငါရောပဲ... "
သူတို့တွေပျော်ပျော်ရွှင်ရွှင်လက်သီးချင်းပင်တိုက်လိုက်သေးသည်။ အခန်း၂ဆီသူတို့အသွား။ တခြားကျောင်းသားတွေသည်လည်းသူတို့နီးတူ လှုပ်ရှားသွားလာလျက်။
" ပထမဆုံးနေ့ဆိုတော့ စာအများကြီးမသင်လောက်သေးပါဘူးနော် "
Junho ကစဉ်းစားသလိုဆိုသည်။ eunsangလည်းထောက်ခံသလိုခေါင်းညိတ်သည်။ ထိုသို့ဖြစ်ပါစေပဲဆုတောင်းသည်။ သူတို့အခန်းနားဆီအရောက် အခန်းရှေ့မှာသူတို့လိုပဲကျောင်းသားလေးတစ်ယောက်ရပ်နေသည်။
eunsangမျက်လုံးထဲတန်းရောက်လာသည့်ထိုကောင်လေးကတခြားသူတွေနှင့်မတူ။
အဖြူရောင်ဆံပင်တွေနှင့်။" junho ဒီကျောင်းမှာဆံပင်အရောင်ဆိုးလို့ရတာလား "
eunsang ကမေးတော့ junhoကလည်းထိုကောင်လေးဆီအကြည့်ရောက်နေရင်းက ပခုံးတွန့်ပြသည်။
" မသိဘူးလေ မရဘူးထင်တယ်နော် အဲ့ကောင်လေးကသတ္တိရှိလှချည်လား "
ထိုကောင်လေးကအခန်းထဲမဝင်ပဲအပြင်မှာပဲရပ်နေသည်။ မျက်လုံးအကြီးကြီးတွေနှင့် နှုတ်ခမ်းထူထူရှိတာမို့ တစ်ခါတွေ့လိုက်သည်နှင့်မှတ်မိနိုင်လောက်မည့်မျက်နှာမျိုး။