ဆည်းဆာချိန်ကိုနောက်ခံထားပြီး မြူးကြွသက်ဝင်နေသည့်မင်္ဂလာပွဲတစ်ခုကို ချန်းယောလ်လှမ်းမြင်နေရသည်။ အဖြူရောင်သတို့သား သတို့သမီးမျက်နှာထက်က အပြုံးတွေ၊ ပျော်ရွှင်မှုတွေ။ ကောင်းချီးပေးနေကြသည့် ဧည့်ပရိသတ်တို့ဆီကဩဘာသံတွေ။ ချန်းယောလ်နဲ့ဘတ်ဟျွန်း လက်ထပ်ခဲ့တုန်းကတော့ စာချုပ်တစ်စုံနဲ့ဘောပင်တစ်ချောင်းသာပါဝင်ခဲ့သည်။ ဧည့်ပရိသတ်က ဆယ်ဟွန်းနဲ့ဂယောင်ဆူး။ မပြည့်စုံပေမယ့် ဘတ်ဟျွန်းအပြုံးတွေကိုချန်းယောလ်မမေ့သလို ချန်းယောလ်ကိုယ်တိုင်လည်း ပျော်ရွှင်ခဲ့ရတာပါပဲ။ ချန်းယောလ် အချိန်ဘယ်လောက်ကြာအောင် ရပ်ငေးနေမိမှန်းတောင်မသိ။ နေရောင်က ပင်လယ်ကိုခါးစောင်းတင်ထားပြီး Santorini ရဲ့အဖြူရောင်ဟိုတယ်က လိမ္မော်ရောင်ကျဲကျဲထင်ဟပ်နေခဲ့သည်။ ပင်လယ်ဘက်ကတိုးတိုက်လာတဲ့ လေပြေရနံ့က လတ်လတ်ဆတ်ဆတ်။ အပူချိန်မြင့်သလို အအေးဓာတ်သည်လည်းမလျော့ပါး။ ကြယ်သီးတစ်ဝက်ပဲတပ်ထားသည့် ရှပ်အင်္ကျီထဲကိုလေကြမ်းက တဖျပ်ဖျပ်တိုးတိုက်နေခဲ့သည်။ မျက်နှာကိုပွတ်သပ်ပစ်လိုက်ပြီး ပျော်ရွှင်စရာဇာတ်ဝင်ခန်းတစ်ခုကို ချန်းယောလ် ကျောခိုင်းပစ်လိုက်သည်။
အမှောင်ကျနေတဲ့အိပ်ခန်းထဲမှာ ဟိုတယ်ပြင်ပက မီးရောင်သဲ့သဲ့သာရှိသည်။ ရေကူးကန်ဘက်ကိုဆင်းသည့် အိပ်ခန်းအတွင်းကပွင့်နေတဲ့တံခါးတွေကိုဖြတ်သန်းလာသည့် လေနုကြမ်းကြောင့် လိုက်ကာစတွေဖျတ်ဖျတ်လူးနေခဲ့သည်။ အခန်းတွင်းလေထုကလည်း အေးစက်စက်။ ကုတင်ပေါ်မှာ အိပ်မောကျနေသူကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မီးခလုတ်တွေကိုဖွင့်မနေဘဲ ချန်းယောလ် ရေချိုးခန်းထဲ တန်းဝင်လိုက်သည်။ အပူဓာတ်ရောထဲလေထဲမှာ ရေခိုးရေငွေ့ပါတာမို့ အအေးတော့မလျော့။ ချန်းယောလ်အဝတ်အစားလဲပြီးသည်အထိ ဘတ်ဟျွန်းက တုတ်တုတ်မလှုပ်။ ညစာစားပြီးလို့အိပ်နေတာလား။ ဘောင်းဘီအတိုနဲ့ရှပ်အင်္ကျီအဖြူလေးက နေ့လယ်ရေကူးကန်ဆင်းတည်းက မလဲထားသည့် အဝတ်အစားဖြစ်သည်။ စောင်လည်းခြုံထားခြင်းမရှိ။ ညစာသွားစားဖို့ ချန်းယောလ် နိုးရမှာလား၊ မနိုးရဘူးလား။ နေ့လယ်က ကျောခိုင်းမိခဲ့တဲ့ မျက်ရည်တွေနဲ့မျက်နှာလေးကို ချန်းယောလ်မတွေးပါဘဲ အာရုံထဲရောက်လာသည်။ ဘတ်ဟျွန်း အိပ်နေသည့်တစ်ဖက်ခြမ်းကိုသွားပြီး ချန်းယောလ် ငုံ့ကြည့်လိုက်သည်။
YOU ARE READING
Love is in the Air
FanfictionThe love Story between two human beings. Cover By: Moe Yeik Nyo