LIITA(37)

13.5K 1.7K 67
                                    

"သား ဘယ်တုန်းက ပြန်ရောက်နေတာလဲ"

"နှစ်ဝက်လောက်တော့ရှိပြီ မေမေ"

ချန်းယောလ်အစား ဘတ်ဟျွန်းနီးကဝင်ဖြေသည်။ ချန်းယောလ်ကတော့ မေမေ့ရဲ့ပြုံးရွှင်နေတဲ့မျက်ဝန်းတွေကိုရှောင်ပြီး ကော်ဖီကိုသာ တစ်ငုံချင်းသောက်နေလိုက်သည်။

"မေမေ့ဆီအခုမှ လာတယ်"

"အခုလာတာတောင် ဘတ်ဟျွန်နီးက အတင်းခေါ်လာလို့"

"ယောဘို..."

ဘတ်ဟျွန်းနီးကအသံကြိတ်ကြိတ်နဲ့ ချန်းယောလ်လက်မောင်းကိုလှမ်းကိုင်သည်။ ဧည့်ခန်းမှန်ပြတင်းက လှမ်းမြင်ရသည့် ခြံဝင်းထဲကို ချန်းယောလ်ငေးကြည့်လိုက်သည်။ ဘွန်ဇိုင်းပင်အပုလေးတွေနဲ့ မြက်ခင်းစိမ်းစိမ်းက ချန်းယောလ်ငေးဖို့အကြောင်းပြချက်ကောင်းတစ်ခုဖြစ်သည်။ မေမေ့ဆီက သက်ပြင်းချသံသဲ့သဲ့ကြားရ၏။
ဘယ်လိုဖြစ်ဖြစ် ချန်းယောလ်ရင်ထဲမှာ မပြေနိုင်တဲ့ခံစားချက်တွေက အစိုင်ခဲပါးပါးအဖြစ်ကျန်နေတုန်းပင်။ ပထမနှစ်တစ်နှစ်ပဲ မေမေ့အကူအညီရယူခဲ့တာမို့ ဒီနှစ်တွေထဲ ကင်းရှင်းနေဖြစ်ခဲ့တာက မေမေပါပါသည်။ အရာအားလုံးကဖြစ်သင့်ချိန်တန်လို့ ဖြစ်ပျက်ခဲ့ရသည်ဆိုရင်တောင် လူကြီးတွေပယောဂလည်းမကင်းခဲ့ပါ။ အပြစ်တင်တာမဟုတ်ပေမယ့် အမြင်ကြည်တာလည်းမဟုတ်ပြန်။

"ဒီတစ်ပတ် သားတို့ညီမငယ်လေး လက်ထပ်ပွဲ"

စားပွဲပေါ်ကနေတင်ပေးလာတဲ့ ဖိတ်စာငွေရောင်။ ဘတ်ဟျွန်းနီးကပဲ ဆွဲယူကြည့်သည်။

"ငါတို့ နားရက်ပဲယောဘို"

"နောက်ကျနေမယ် သွားရအောင်"

ဘတ်ဟျွန်းနီးလက်ကိုဆွဲယူပြီး ချန်းယောလ် နေရာကနေ မတ်တပ်ရပ်လိုက်သည်။ မေမေကလည်း အယောင်ယောင်နဲ့ထရပ်၏။

"နေပါဦး သားရဲ့"

"သွားစရာရှိသေးတာ နောက်ကျနေမှာစိုးလို့!"

"ချန်းယောလ်!"

ဘတ်ဟျွန်းနီးက ချန်းယောလ်ကိုကြည့်လိုက်၊ မေမေ့ကိုကြည့်လိုက်နဲ့ နေရခက်နေပုံပင်။

"နောက်မှ အေးဆေးထပ်လာခဲ့ပါ့မယ်။ အခုက အချိန်လည်းသိပ်မရလို့။ နေကောင်းအောင်နေပါ"

Love is in the AirWhere stories live. Discover now