Path 3 - Wifey's Knock Out

391 17 2
                                    

အဲ့ဒိအချိန်မှာပဲ သူ စပြီး မျက်ရည် တွေကျလာပါပြီ...

"ဟမ်... တကယ်ကြီး" မျက်ရည်ကျလာရုံတင်မကပဲ တကယ်ကို ဆက်ငိုနေတာပဲ ....

"တကယ်လို့ အဲ့ဒါက အရမ်းနာကျင်မယ် ဆိုရင်တောင် ကိုယ် ရပ်နိုင်တော့မှာ မဟုတ်ဘူးနော်" လို့ စိတ်ရှုပ်စရာလေးကို ကြည့်ပြီး ပြောလိုက်မိတယ်။

"ဘာ.. ဟမ်..." မျက်ရည်တွေဆက်ကျရင်း ထ အော်ပါလေရော...

သူ ကြိုတင်ပြင်ဆင်ဖို့ အမှန်အတိုင်း ဖြစ်လာနိုင်တဲ့ ကိစ္စအကြောင်း ပြောပြတာကို ဘာစကားလုံးက သူ့ကို အဲ့လို ကြောက်နေစေတာလဲ ကျနော် နားမလည်ဘူး...

ကျနော့် သူငယ်ချင်းတွေကရော.. P' Dim ကရော ပြောခဲ့တာ သတိရမိတယ်။

"မင်း စပြီးပြီးဆိုတာနဲ့ အပြီးထိ မရောက်ခင်မှာ တစ်ခါ လေး ရပ်လိုက်မိရင် မင်းဘယ်တော့မှ အဆုံးထိ သွားဖို့ အိမ်မက်တောင် မမတ်တော့နဲ့" တဲ့။

အဲ့ဒါကြောင့် ဒီအရာက ဘာတွေ ဖြစ်လာနိုင်စေလဲဆိုတာ သူ သဘောပေါက်ပြီး အားလုံးအဆင်ပြေပြေ နဲ့ ဖြတ်ကျော်နိုင်အောင်၊ အားလုံးကောင်းကောင်းမွန်မွန်နဲ့ ပြီးဆုံးအောင် ကျန်ော သူ့အတွက် ပြင်ဆင်ပေးရမယ် မဟုတ်လား။ အဲ့ဒါမှ ကျနော့်အတွက်ရော၊ သူ့အတွက်ရော ကောင်းမွန်တဲ့ ခံစားချက်တွေရစေပြီး အဆုံးထိ သွားနိုင်မှာ။

တခြားသူတွေ ဘယ်လို မြင်မလဲ ကျနော် မသိဘူး။ ကျနော်အတွက်တော့ လှဲလျောင်းနေတဲ့ သူ့ခန္ဓာကိုယ် ဖြူလွလွရယ်.. သူကျန်ော့ကို ငေးကြည့်နေတဲ့အကြည့်လေးရယ်က စိတ်ကို အထွတ်အထိပ်အထိ အရောက် သွားဖို့ နိုးဆော်နေသလိုပဲ။

အဲ့ချိန်မှာပဲ စိတ်ရှုပ်စရာလေး ဆီကနေ

" မင်းတော့ ဒီနေ့အသေပဲ, အိုက်ဝဝ်"... "ဒီနေ့ည မင်းမိန်းမ ရင်ခွင်ထဲမှာ မင်း သေပြီပဲ" ဆိုတဲ့ အသံထွက်လာတယ်။

(အောက်ကနေ ပြောနေတာနော်.. 5555!!)

အဲ့ဒါ နဲ့ ကျနော်လဲ ပြန်ပြောလိုက်ပါတယ်။ နူးနူးညံ့ညံ့ ပါပဲ ...

"ကိုယ် ဘယ်လိုနည်းနဲ့မှ နောက်ပြန်ဆုတ်တော့မှာ မဟုတ်ဘူးနော်" လို့ ပြောလိုက်ရင်း

First Time of SarawatTine (Zawgyi)Where stories live. Discover now