Sarawat's Love
"Sarawat .... ငါ အရမ်းရှက်နေပြီ"...
သူ့ဆီက ကျနော့်ကို ငြင်းဆန်တဲ့စကားအစား... စကားသံလေးသာ ထွက်လာတယ်..
သူ့နှုတ်ခမ်းလေးတွေက ငိုနေတုန်းကအတိုင်း.. တုန်ရီနေတုန်း...သူ ဘယ်အချိန်ကစပြီး အငိုသန်တဲ့ကလေးလေး ဖြစ်သွားတာလဲ???
ဘာတွေပဲဖြစ်နေဖြစ်နေ ကျနော့်အတွက် သူက အမြဲချစ်စရာ စိတ်ရှုပ်စရာကောင်လေးပါပဲ။
"မရှက်ပါနဲ့.. အခု ကိုယ်တို့ နှစ်ယောက်ထဲ ရှိတာလေ" လို့ ကျနော် ဆိုတော့
အသံသေးသေးလေးထွက်လာတယ် "မသိဘူး" တဲ့...
"အရာအားလုံးကို မေ့ထားလိုက်နော်.. စိုးရိမ်စရာတွေလဲ မတွေးနဲ့၊ အခု မင်းတွေးနေသမျှကိုလဲ မေ့ထား၊ အားလုံး ကိုယ်အပေါ်သာ ပုံအပ်ထားပေးနော်"..
"တခြားသူပြောတာတွေ နားမထောင်နဲ့. တခြားသူပြောတဲ့စကားတွေလဲ မယုံနဲ့. သူတို့က ကိုယ်မဟုတ်ဘူးလေနော်. ကိုယ်က မင်းကို နာကျင်အောင်လုပ်မယ့်လူမဟုတ်ဘူးလေနော်"
မင်းကိုနာကျင်အောင်လုပ်မိတော့မယ်ဆိုတာ ပြောမထွက်ရက်ဘူး... မင်းအရမ်းကြောက်သွားပြီး..ကိုယ့်အသဲကိုခွဲသွားမှာ ကြောက်တယ်.. ဒါ က ကိုယ်တို့ကြားမှာ မဖြစ်မနေ ဖြတ်ကျော်ရမယ့် နာကျင်မှုပဲလေ.. တောင်းပန်ပါတယ် စိတ်ရှုပ်စရာလေးရယ်..
" မင်း.. မင်း ကို ငါ ယုံကြည်စေချင်တာလား"
" ကိုယ် ပြောတဲ့ထဲ ယုံကြည်ပါဆိုတာ ပါလို့လား"
"ခွေးကောင်"
သူပြောတဲ့ ခွေးကောင် ဆိုတဲ့ စကားလေးကလဲ သူ့ကို အချစ်တိုးစေပြန်ပါရော... ကျနော်အခြေအနေ တော်တော်ဆိုးနေပြီပဲ..
"အချိန်မရှိတော့ဘူးကွာ.. ကျွဲပေါက်လေးရာ.. ကိုယ့်အတွက် စိတ်မကောင်း နဲနဲလေးတောင်မဖြစ်ဘူးလားကွာ.."
YOU ARE READING
First Time of SarawatTine (Zawgyi)
RomanceZawgyi , Unitcode ခွဲ ရေးပေးထားပါတယ်။ အကောင့်ထဲ မှာ ဝင်ကြည့်ပေးပါနော်။ I'm not sure this may be imagining or some parts of Novel. I found this somewhere but not include who translate or write in English. After reading this, It makes me fulfill som...