life1.1

857 86 0
                                        

<Unicode/>
မူးဝေမှုတို့ပျောက်သွားသဖြင် mistတစ်ယောက်မျက်လုံးဖွင့်ကြည့်လိုက်သည်။သူမမြင်လိုက်ရသည်က ရှေးဟောင်းအပြင်အဆင်အခန်းတစ်ခု.....
ကြည့်ရတာ သူမရှေးခေတ်ရောက်လာသည်ပဲ.....
System:hostအဆင်သင့်ဖြစ်ရင်ဇာတ်ကြောင်း​ေ​ြပာ​ြပပါ့မယ်.....
ဒီကမ္ဘာ၏ဇာတ်ကြောင်းကအပ်ကြောင်းထပ်နေသောmovieများကဲ့သို့ပင်.....
ဇာတ်လိုက်ကား ချင်နိုင်ငံ၏အိမ်ရှေ့စံ ပင်...
ထုံးစံအတိုင်းဇာတ်လိုက်မကတော့ မထင်မရှားအရပ်သူတစ်ယောက်.......
ဇာတ်လိုက်တို့ထုံးစံအတိုင်း အရပ်ဝတ်နဲ့အပြင်ထွက် လူဆိုးနဲ့တွေ့ ဇာတ်လိုက်မကကူညီ ပြီးတော့ကြိုက်သွား   ဤမျှပင်ဖြစ်သည်။........

ဤကမ္ဘာ၏ဒုတိယဇာတ်လိုက်သည် လက်ဝဲရံအမတ်ကြီး၏သားဖြစ်သူ ...လီယု ဖြစ်သည်။
လီယုသည်  အိမ်ရှေ့စံ ချင်မိုလျန် နှင့်လွန်စွာရင်းနှီးသောသူငယ်ချင်းများဖြစ်သည်။..

လီယုသည် ဇာတ်လိုက်မ​ ​ေရှာင်ဟွာကိုအိမ်ရှေ့စံ၏ မိန်းကလေးဟူ၍ ဂရုစိုက်ပေးရာမှ နောက်ပိုင်းတွင် သံယောဇဉ်တွယ်ပြီးချစ်မိသွားခဲ့သည်။....

ရှောင်ဟွာသည် သာမန်အရပ်သူမဟုတ်ဘဲ မင်းမျက်သင့်၍ကွပ်မျက်ခံရသော ရှောင်အိမ်တော်၏သမီးဖြစ်ပြီး   နန်းတွင်းအရှုပ်အထွေးများကြားတွင်  နောက်ဆုံးလုပ်ကြံခံရလေသည်။

ယင်းအဖြစ်အပျက်ကို အချိန်မီသိရှိသွားသော လီယုက ရှောင်ဟွာအားသွားရောက်ကယ်တင်ရာ    ရှောင်ဟွာလွတ်မြောက်သွားသော်လဲ ရှောင်ဟွာအစား မြှားကိုဝင်ခံပေးခဲ့သဖြင့် လီယူ သေ သွားတော့သည်။

မိုလျန်သည်လည်းအချိန်လွန်မှရောက်သဖြင်​့ လီယူအားမကယ်တင်နိုင်ခဲ့ပေ။...

System:ဒီတော့ hostကလီယုကိုကယ်တင်ပေးရမှာပါ။

Mist: ငါကဘယ်သူလဲ။ 

System:လီ ယုနဲ့စေ့စပ်ထားတဲ့ စစ်သူကြီရဲ့သမီး ရှီယွဲ့ ပါ....

Mist: ဟေး system ဒါနဲ့လေ ငါကဘာမှမလုပ်တတ်ဘူး။ စီနီယာ hostတွေကိုအားကျလိုက်တာ....ကဗျာလဲမစပ်တတ်...စာရင်းဇယားဆို​ေဝလာ​ေဝး......အချက်အပ​ြုတ်လဲမတတ်   .....ငါဘာလုပ်ရမှာလဲ....

Saving SystemWhere stories live. Discover now