<Unicode/>
ဒေါက်....ဒေါက်......မမလေး.... စစ်သူကြီးခေါ်နေပါတယ်......စာဖတ်ခန်းထဲလာခဲ့ပါတဲ့.........ရှီယွဲ့လဲ systemနဲ့စကားလက်စသက်လိုက်ပြီး.....
"လာခဲ့မယ်လို့ပြောလိုက်ပါ.....''
...................................................................
စာဖတ်ခန်းတွင်..
"ဖေဖေ ယွဲ့အာကိုခေါ်တယ်ဆို...ဘာများပြောစရာရှိလို့လဲ.....''
"ယွဲ့အာ ဖေဖေနောက်လိုက်ခဲ့.....''
အခန်းထောင့်ရှိ ကြွေပန်းအိုးလေးအား လှည့်လိုက်ရာ....နံရံနားရှိ ကြမ်းပြင်ကနိမ့်ဆင်းသွားပြီး လှေကားထစ်တို့ ပေါ်လာသည်။ထို့နောက် စစ်သူကြီးက အခန်းပြင်ရှိအစောင့်အား...
"အခန်းထဲကို ဘယ်သူမှမဝင်စေနဲ့...ဝင်ဖို့လုပ်တဲ့သူကို မေးမြန်းချင်းမရှိသတ်ပစ်...ကြားလား''
ဟုလှမ်းအော်ကာအမိန့်ပေးလိုက်သည်။လှေကားအတိုင်းဆင်းသွားရာ မကြာမီ မြေအောက်ဥမင်တစ်ခုဆီသို့ ရောက်ရှိသွားသည်။
"ဖေဖေ ယွဲ့အာတို့ဘယ်သွားနေတာလဲ....''
"မမေးနဲ့ ယွဲ့အာ အချိန်တန်ရင်သိလိမ့်မယ်...''စစ်သူကြီးမျက်နှာသည် ခါတိုင်းထက်တည်ကြည်လေးနက်နေသည်။
ဥမင်၏အဆုံးသတ်သို့ရောက်ရန် အချိန်တော်တော်ကြာခဲ့သည်။ ဥမင်၏အဆုံးသတ်တွင် လှေကားတစ်ခုရှိပြီး ထိုလှေကားကိုတက်သွားသောအခါ...............................
"ဖေဖေဒါက မြို့တော်အစွန်က တောအုပ်မဟုတ်လား.....''
စစ်သူကြီးရှီဟိုင်က အသင့်ယူလာသော ဝတ်ရုံရှည်ကို ထုတ်လိုက်ပြီး
"ဒါကိုခြုံပြီး သတိနဲ့နောက်ကလိုက်ခဲ့...''တခဏမျှလမ်းလျောက်ပြီးနောက်.....စစ်တန်းလျားတစ်ခုကိုမြင်တွေ့ရလေသည်။
"ဖေဖေ....ဒါက....''
"အရှင်....လူစုံနေပါပြီ...အရှင်တို့ကိုစောင့်နေတာပါ....''ရှီဟိုင်က ထိုလူကို ခေါင်းညိတ်အသိအမှတ်ပြုလိုက်ပြီး...ရှီယွဲ့လက်ကိုဆွဲကာ အဆောက်အဉီးထဲသို့ ဝင်လိုက်သည်။
အထဲတွင် ချင်မင်းကြီး၊အိမ်ရှေ့စံ၊လက်ဝဲရံအမတ်နှင့် လီယုတို့ထိုင်နေကြသည်။
"ဟင်.....အရှင်မင်းကြီးကို ဂါဝရပြုပါတယ်....''
"ဒီလို တွေလုပ်စရာမလိုပါဘူး ယွဲ့အာ ခမည်းတော်လို့ပဲခေါ်ပါ.....''