life1.6

628 94 5
                                    

<Unicode/>
စာကြည့်ခန်းထဲတွင်ဖြစ်သည်။
"ဖေဖေ..ယွဲ့အာလေ ကောကောတို့နဲ့အတူတူ နယ်စပ်ဘက်ကိုသွားချင်တယ်......စစ်ပွဲ​ြ​ြဖစ်ဖို့ကကြာသေးတယ်ဆိုပေမဲ့......မြေပြင်အနေအထားလေ့လာထားတော့ ပိုကောင်းတာပေါ့.......''

"ယွဲ့အာတို့ချည်း စိတ်မချပါဘူးကွယ်...''

"ဖေဖေကလဲ သမီးတို့ကရုပ်ဖျက်ပြီးသွားမှာပါ...နော်...နော်လို့....ပြီးတော့ သမီးကိုလူကြီးအဖြစ်အသိအမှတ်ပြုလို့လဲ ဖေဖေက စစ်ပွဲအကြောင်းကိုပေးသိတာမဟုတ်လား...ပြီးတော့ သမီးကမညံပါဘူး...ဖေဖေ့ဆီကအတိုက်အခိုက်ပညာလဲအမ​ေွရထားတဲ့ဉစ္စာ..''

"ကဲ သဘောသဘော...လမ်းခရီးမှာဂရုစိုက်...''
ဒီသမီးတစ်ယောက်ထဲသာရှိသော်လဲ.....အားနွဲ့သောမိန်းမသားဖြစ်မည်ကိုမလိုလား...ကိုယ့်တာဝန်ကိုယ်ယူနိုင်သောအမျိုးသမီးတစ်ယောက်သာဖြစ်စေလိုသည်မှာ...ရှီဟိုင်၏ဆန္ဒဖြစ်သည်။

အတွေးများနေချိန်တွင်တော့ ရှီယွဲ့တစ်ယောက်သည်.....မိုလျန်တို့နှင့်အမြဲဆုံတွေ့နေကြနေရာသို့သွားနှင့်လေတော့သည်။

အိမ်ရှေ့စံ၏နန်းဆောင်....
ထိုနန်းဆောင်သို့တံခါးမရှိဓားမရှိဝင်ထွက်ခွင့်ရသူ သုံးဉီးသာရှိသည်။ လက်ရှိမင်းကြီး..လီယုနှင့် ရှီယွဲ့သာဖြစ်သည်။

ယခုအိမ်ရှေ့စံနန်းတော်၏ဧည့်တွေ့ဆောင်တွင်.....လှပသောမိန်းမပျိုတစ်ဉီးသည်..စိတ်ကောက်နေသည့်ပုံစံဖြင့်စူပုတ်လျက်ရှိပြီး ခံညားသောလုလင်ပျိုနှစ်ယောက်ကချော့မော့နေပုံရသည်။

မှန်ပါသည်။ရှီယွဲ့...လီယုနှင့်မိုလျန်ပင်ဖြစ်သည်။

"မရဘူးနော် ယွဲ့အာ...ခရီးကအန္တရယ်များတယ်..ကောကောတို့ပဲသွားမယ်....မလိုက်ရဘူး....''
ငယ်ငယ်ထဲက အလိုလိုက်ထား၍မိမိတို့အပေါ်ဗိုလ်ကျနေသော ယွဲ့အာကိုကြည့်၍မိုလျန်သက်ပျင်းချကာ ပြောမိသည်။

"မရပါဘူး....လိုက်မှာပဲ...ဖေဖေ့ကိုယ်တောင်ပြောပြီးသွားပြီ....ဖေဖေကခွင့်ပြုတယ်....ပြီးတော့ ယွဲ့အာကကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပါတယ်....ကောကောတို့နဲ့တူတူ သိုင်းသင်ထားတဲ့ဉစ္စာ.....''

You've reached the end of published parts.

⏰ Last updated: Aug 23, 2020 ⏰

Add this story to your Library to get notified about new parts!

Saving SystemWhere stories live. Discover now