<Unicode/>
ရှီယွဲ့၊မိုလျန်နှင့်လီယုတို့စျေးထဲတွင်တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လျောက်သွားနေကြသည်။မိန်းမပျိုလေးများကလဲ ချောမောသောလူငယ်သုံးဉီးကို မသိမသာအထာပေးနေကြသည်။"မိုလျန်....လီယု ရှောင်ဟွာအတွက်နှင်းဆီပန်းဝယ်ကြမလား.........''
ပြောရင်းဆိုရင်း ရှီယွဲ့က ပန်းဆိုင်ထဲသို့ရောက်နေပြီဖြစ်သည်။"ယွဲ့အာ.....အဲ ရှောင်ယွဲ့ကြိုက်သလိုလုပ်လေ ကိုယ်တို့ကမိန်းကလေးတွေကိုဘာပေးရမှန်းသိပ်မသိဘူး..........''
ဟုတ်ပါသည်။ မိုလျန်နှင့်လီယု တို့သည် ၂နှစ်ငယ်သော ရှီယွဲ့ကိုသာ မောင်နှမရင်းသဖွယ် ချစ်မြတ်နိုးကာအလိုလိုက်ထားကြသည်။ရှီယွဲ့မှလွဲ၍တခြားသောမိန်းမများကို စကားဖြင့်ပင်အရောဝင်ခဲ့တာမရှိချေ။ သူတို့အတွက် ရှီယွဲ့သာ ပြီးပြည့်စုံသောပန်းလေးတစ်ပွင့်ဖြစ်သည်။....ထိုပန်းလေး မညှိုးနွမ်းမပျက်စီးအောင် သူတို့ကာကွယ်မည်ဟုလဲကျိန်ဆိုထားကြသည်။
"အင်း.....ဒါဆို ကျွန်တော့်လက်ထဲအပ်ထားလိုက်တော့....''
သို့သော်လဲ ရှီယွဲ့သည် နှင်းဆီပန်းအနီလေးတစ်ပွင့်သာဝယ်ကာ ပြန်ထွက်လာသည်။
ထိုခန တွင် မိန်းမပျိုလေးတစ်ယောက်လဲကျတော့မည်ကိုမြင်သဖြင့် ရှီယွဲ့အပြေးသွားကာ ပွေ့ထားလိုက်သည်။...((မြင်ကွင်းကဘယ်ဘိုလဲဆိုတော့ လေ ဇာတ်ကားထဲမှာ မိန်းကလေးလဲကျခါနီးမင်းသားကခါးကနေဖက်ပြီးထိန်းထားတဲ့ပုံစံမျိုးလေး))......ထို့နောက် လက်ထဲရှိနှင်းဆီပွင့်ကိုပေးကာ....
"ဂရုစိုက်လေ မိန်းမလှလေးရဲ့...... မိန်းမလှလေးကချော်လဲရင် မလှတော့ပဲနေမှာပေါ့....''ထိုမြင်ကွင်းအား အစအဆုံးမြင်နေရသူ မိုလျန်နှင့်လီယု တို့သည် ထိုမိန်းကလေးအားအကြည့်စူးစူးတို့ပေးလျက်......ရင်ထဲတွင်လဲ နောက်တစ်ခါအပြင်ထွက်ရင် ယွဲ့အာအား မျက်နှာကာပါတပ်ခိုင်းမည်ဟု တွေးနေကြလေတော့သည်။
"မိုလျန်.... လီယု ဘာလုပ်နေတာလဲ လာလေ.....ဒါနဲ့ ရှောင်ဟွာဆိုတဲ့တစ်ယောက်ကဘယ်အသိုင်းအဝိုင်းထဲကလဲ မိုလျန်သိလား........''