<Unicode/>
ရှီယွဲ့(mist) တစ်ယောက် အိမ်ပြန်ရောက်၍အိပ်ခန်းထဲတွင် အနားယူနေစဥ် ရုတ်တရက် ခေါင်းကပြင်းထန်စွာကိုက်လာပြီး မြင်ကွင်းတစ်ခုလုံးမှောင်ကျသွားလေသည်။...Mistတစ်ယောက် ခေါင်းကိုက်သက်သာ၍ မျက်လုံးဖွင့်ကြည့်သောအခါ...system spaceထဲ ပြန်ရောက်နေသည်ကိုတွေ့လိုက်ရသည်။
"Host.....host. အဆင်ပြေရဲ့လား''
"ငါ ငါ ဘာဖြစ်သွားတာလဲ...ဘာလို့ဒီကိုပြန်ရောက်နေတာလဲ......''
"Host........ hostရဲ့ဝိဉာဏ်စွမ်းအားကအရမ်းနည်းလို့ ရှီယွဲ့က hostရဲ့ဝိဉာဏ်ကိုအနိုင်ယူပြီး သူ့ခန္ဓာကိုယ်ကိုပြန်ထိန်းချုပ်သွားပါ.....''
"Hostနားလည် အောင်ပြောရရင်.....hostတာဝန်ထမ်းဆောင်ရမဲ့ ကမ္ဘာတွေဆိုတာ...ပုံပြင်ထဲကကမ္ဘာတွေမဟုတ်ဘူး.....ဇာတ်လိုက်တို့...ဇာတ်လိုက်မတို့ဆိုပြီးပြောထားပေမဲ့.....hostဖတ်နေကျ ဝတ္ထုတွေလို သူတို့တွေက ကမ္ဘာရဲ့ အဓိကမဟုတ်ဘူး.........ဉပမာ hostကဇာတ်လိုက်မ hostရဲ့ချစ်သူကဇာတ်လိုက် hostတို့ရဲ့ချစ်ခြင်းကိုနှောက်ယှက်သူက ဗီလိန်တွေ.....hostတို့က အဆုံးထိ ချစ်ချင်လဲချစ်မယ် ကွဲချင်လဲကွဲမယ်........ဒါပေမဲ့ကမ္ဘာကြီးတစ်ခုလုံးနဲ့ယှဉ်ရင် hostတို့က ပါမွှားပဲ....hostတို့ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ သေ သည်ဖြစ်စေ
ကမ္ဘာကို ဘာမှမထိခိုက်ဘူး.....................အဲ့လိုပဲ... hostဘေးနားကလူတိုင်းလူတိုင်းမှာလဲ ကိုယ်ပိုင်စိတ်ဆန္ဒတွေ....ဖြစ်တည်မှုတွေရှိတယ်......လူတိုင်းလူတိုင်းက ကိုယ့်ကံကြမ္မာနဲ့ကိုယ်ပဲ..................
အခုဆိုရင် ရှီယွဲ့..........ဝတ္ထုဇာတ်ကြောင်းအရ.....သူကတစ်ခန်းပဲပါဝင်တယ်ဆိုပေမဲ့.....သူကလူတစ်ယောက်ပဲလေ....သူ့မှာကိုယ်ပိုင်ဝိဉာဏ်ရှိတယ်............တာဝန်ထမ်းဆောင်တယ်ဆိုတာက........ hostရဲ့ ဝိဉာဏ်ကို သူ့ကိုယ်ထဲထည့်ပြီး............ဖြစ်လာမဲ့အရာတွေကို ပြောင်းလဲခိုင်းတာလေ........ပြောရမယ်ဆိုရင် ......အနာဂါတ်ကိုပြောင်းလဲရတာပေါ့.......အဲ့တော့ ကမ္ဘာရဲ့စည်းမျဉ်းတွေကို ဆန့်ကျင်သလိုဖြစ်တဲ့အတွက် ကမ္ဘာက ဝိဉာဏ်ကိုဖိနှိပ်တယ်....ပြီးတော့ သူများရဲ့ခန္ဓာကိုယ်ကို အငှားယူရတဲ့အတွက်....ပိုပြီးတော့အားနည်းလာတယ်...ပြီးတော့ ကမ္ဘာနှစ်ခုရဲ့မှတ်ဉာဏ်ကြောင့် ပိုဆိုးလာတယ်......အဲဒါကြောင့် ရှီယွဲ့ရဲ့ စိတ်ဝိဉာဏ်က hostရဲ့စိတ်ဝိဉာဏ်ကိုအနိုင်တိုက်ပြီး...သူ့ခန္ဓာကိုယ်ကို ပြန်ယူလိုက်လို့ host ဒီကိုပြန်ရောက်လာတာ..............''