<Unicode/>
Systemနဲ့စကားပြောပြီးနောက် mistတစ်ယောက်မှန်ကိုရှာပြီးမိမိ၏ပုံစံမည်သို့ရှိသည်ကိုကြည့်လိုက်၏။
"ဟယ် လှလိုက်တာ......''
ဟုတ်ပါသည်။ကြေးမုံထဲတွင်ပေါ်နေသောပုံရိပ်လေးမှာအလွန်ပင်လှပပေ၏။
ငွေရောင်ဆံနွယ်ရှည်......ပယင်းရောင်မျက်လုံးလေး....နီးစွေးသောနှုတ်ခမ်းလေးကနှင်းဆီပွင့်လေးနှယ်........ပန်းပွင့်ကဲ့ သို့နူးညံ့သော်လည်း နှင်းကဲ့သို့အေးစက်သောအလှတရား........System:Hostအဆင်သင့်ဖြစ်ရင်ကျွန်တော်သူ့မှတ်ဉာဏ်တွေကိုhostဆီထည့်ပေးပါတော့မယ်။
ထိုအသံကြားပြီးသည်နှင့်mistတစ်ယောက်နါကျင်မှုနှင့်အတူအမှောင်ကမ္ဘာထဲသို့အလည်ရောက်သွားပါလေတော့သည်။(Mistကိုရှီယွဲ့ဟုစတင်သုံးပါတော့မည်။)
ရှီယွဲ့သတိပြန်လည်လာသည်တိုင်ခေါင်းတို့ကိုက်ခဲနေဆဲ....ဟင်း..ခန္ဓာကိုယ်တစ်ခုကိုမှတ်ဉာဏ်နှစ်ခုဆိုတော့............
ဟေးsystemနင်အသက်ရှိသေးလား.......
System: ရှိပါတယ်host..ရှီယွဲ့ရဲ့မှတ်ဉာဏ်တွေအရဆို သူရယ် အိမ်ရှေ့စံရယ်..လီယု ရယ်က ငယ်သူငယ်ချင်းတွေပဲ.......
လက်ရှိချင်ဘုရင်၊ ရှီယွဲ့အဖေ စစ်သူကြီးရှီဟိုင် နှင့် လက်ဝဲရံအမတ်လီချန်တို့သည် အလွန်ရင်းနှီးသောသူငယ်ချင်းများဖြစ်သည်။ စစ်သူြကီးသည် လွန်စွာတော်လှသည့်အတွက် တစ်ဖက် မိုနိုင်ငံမှလူများကအခက်တေွ့ြကရ၏။စစ်သူကြီးရှီဟိုင် သည် ဇနီးသည်အပေါ်အလွန်ချစ်သည်အတွက် ရန်ဘက် မိုနိုင်ငံမှသူလျှိုတို့သည် ရှီဟိုင်၏အားနည်ချက်ဖြစ်သော ကိုယ်ဝန်သည်မင်ယွဲ့ကို အဆိပ်ခပ်လုပ်ကြံတော့သည်။
အဆိပ်ဒဏ်ကြောင့် မင်ယွဲ့သေဆုံးခဲ့ရသည့်တိုင်ကံကောင်စွာဖြင့်ကလေးမှာအသက်ရှင်ခဲ့သည်။ သို့သော် အဆိပ်ဒဏ်ကြောင့် သာမန်လူများနှင့်မတူပင် ငွေရောင်ဆံပင်နှင့် မျက်လုံးအရောင်မှာ ပယင်းရောင်ဖြစ်သွားခဲ့သည်။ ရှီဟိုင်မှာအလွန်စိတ်သောကရောက်ခဲ့ရသော်လည်း မိုနိုင်ငံမှာချင်နိုင်ငံနှင့် စစ်အင်းအားသိပ်မကွာသဖြင့် အမုန်းတရားကိုမျိုသိပ်ရုံသာတတ်နိုင်ခဲ့သည်။သမီးလေးကို မိခင်၏အမည်အတိုင်းရှီယွဲ့ဟုပေးကာ စိတ်ဒဏ်ရာကိုကုစားခဲ့သည်။
![](https://img.wattpad.com/cover/232516800-288-k300147.jpg)