Ep - 1

23.4K 915 24
                                    

Ep - 1

ဘီစီ ၆ ရာစု၊ တရုတ်ပြည်၊ ​ရှောင်နိုင်ငံ​တော်

ပိုးထည် ​ကျောက်စိမ်း သူရဲ​ကောင်းအ​ပေါဆုံးနိုင်ငံပြပါဆို ​ရှောင်နိုင်ငံကို ပြရမည်သာ
မင်းကျင့်တရားနှင့် ညီညွတ်စွာအုပ်ချုပ်စိုးစံ​နေသည့် မင်းမှာ အသက် ၂၃ မျှသာရှိ​သေး​သော်လဲ
စစ်​ရေးပရိယာယ်ကြွယ်ဝသလို စာ​ပေဗဟုသုတမှာလဲ သူမတူ​အောင်ထူးချွန်သူဖြစ်သည့်အပြင် ညဏ်နီညဏ်နက် အစုံလဲ ထွက်သည့် ဘုရင်တစ်ပါးပင်
ငယ်ရွယ်ခြင်း နုပျို​ချော​မောခြင်း ထက်မြက်ခြင်း ကြင်နာတရားနှင့်ပြည့်စုံခြင်း စသဖြင့် လက်ရုံးရည်နှလုံးရည်နှင့်ပြည့်ဝ​သော  ဘုရင်မင်းမြတ်တစ်ပါးလဲဖြစ်သည်

ထိုဘုရင်၏ အမည်နာမမှာ ​ရှောင်ကျန့်ဖြစ်ပြီး အ​နောက်နန်း​ဆောင်တွင်  မိဖုရား ၃၀၀ ခန့်ရှိ​သော်လဲ မည်သည့်မိဖုရားမှ မင်းကြီးနှင့် တစ်ညတာမကုန်လွန်ဖူး​ပေ မိဖုရားများထဲတွင်မှ အမတ်ကြီး၏သမီးဖြစ်သူ  လျိုဟွားဟွားသည်သာ မင်းကြီးနန်း​ဆောင်ကို ​နေ့လည်​နေ့ခင်း အဝင်အထွက်ပြုရဲသည် ဒါကလဲ မင်းကြီးနှင့် ငယ်ငယ်က ကစား​ဖော်ကစားဖက် ဖြစ်ခဲ့သည်ဟူ​သော အ​ကြောင်းပြချက်ဖြင့်သာ လစ်လပ်​နေ​သော မိဖုရား​ခေါင်ကြီး​နေရာက​တော့ စစ်သူကြီးအိမ်​တော်မှ တစ်စုံတစ်ဦးအတွက် ဖြစ်တာ​ကြောင့် အ​နောက်နန်း​ဆောင်တွင် အာဏာအပြည့် ရထား​သော လျိုဟွားဟွားပင် ​မျှော်မှန်းဖို့မတတ်နိုင်​ပေ

​ရှောင်နိုင်ငံ​စျေးထဲ တစ်​နေရာ...

"ကျင်ရီ  ​ပြေး ​ပြေး "

"......."
​စျေးထဲမှ ​ကျောက်စိမ်းအရုပ်ဆိုင်တွင် ငမ်း​နေသည့်ကျင်းရီက အလိုက်သိစွာဖြင့် အသံကြားရုံနှင့် ​နောက်က  တဖဝါးမခွာ​ပြေးလိုက်လာတယ်

​ပြေး၍​တော်​တော်ကြာမှ ရပ်လိုက်ပြီး

"သခင်​လေး ဘာလိုဖြစ်လာတာတုန်း"

"​လောင်းကစားဝိုင်းက ​ကောင်​တွေ​ပေါ့ "
​ဟောဟဲဆိုက်ကာ အ​မော​ဖြေရင်း ​ပြော​နေသည့် ဝမ်ရိ​ပေါ် ရယ်ပါ
အမှန်ဆို ဝမ်ရိ​ပေါ်လို သိုင်းပညာမျိုး​လောက်နှင့် အခုလို ​ခွေး​ပြေးဝက်​ပြေး​ပြေးလာစရာမလို ​လောင်းကစားဝိုင်းမှ ရှုံး​သောသူများက အုပ်စုဖွဲ့ပြီး လိုက်ရိုက်​သော​ကြောင့် ထွက်​ပြေးလာရခြင်းပင် ကံမ​ကောင်းရင် ရုံး​တော်​ရောက်သွားနိုင်သည်​လေ ဝမ်ရိ​ပေါ် လမ်းသရဲလုပ်လာသည့်ကာလတစ်​လျှောက်လုံး ရုံး​တော်မ​ရောက်ဖူး​သေး​ပေ

The Mischievous Prince ( completed )Where stories live. Discover now