Ep - 28 ( final )

11.7K 739 39
                                    

Ep - 28 ( Final )

တိတ်ဆိတ်ငြိမ်သက်​နေတဲ့ ဘုရင့်နန်း​ဆောင်မှာ ကြင်ယာ​တော်​လေးက အိပ်​ပျော်​နေ​ပေမယ့် ဘုရင်ကြီးက​တော့ က​လေးနှစ်​ယောက်ကို လက်နှစ်ဖက်နှင့် မျှချီကာ လမ်း​လျှောက်​ချော့သိပ်​နေတယ်

" အဲ့  အဲ့ "

" ကျွတ်ကျွတ် ပါးပါးအိပ်​နေတယ် မငိုရဘူး​ သမီး​တော်​လေးက လိမ္မာပါတယ် "

တအဲ့အဲ့ နဲ့ မျက်လုံး​လေးပြူးကြည့်​နေတဲ့ သမီး​လေးကို အသာ​ချော့​တော့ မအိပ်တဲ့အပြင် လက်​လေးက ဟိုရမ်းသည်ရမ်း

" အရှင် သမီး​လေးနိုး​နေတာလား "

နားပါးတဲ့ရိ​ပေါ်က ​ရှောင်ကျန့်​ချော့မြူသံ​ကြောင့် နိုးလာပြီး ​ဘေးကို​ရောက်လာတယ်

" ဟုတ်တယ် ရိ​ပေါ် အားနည်း​နေတာကို အိပ်လိုက်ဦး​နော် ကိုယ်ထိန်းလိုက်မယ်  အထိန်း​တော်​တွေလဲရှိတာပဲ ​အေး​ဆေး​နားပါ "

" ရိ​ပေါ်က အရှင်နဲ့တူတူ က​လေးထိန်းချင်လို့ပါ "
သား​တော်​လေးကို လက်​ပြောင်းယူကာ ပုခက်ထဲထည့်​ပေးရင်း အရှင်​ဘေးပြန်သွား​တော့ အရှင့်ရင်ခွင်ထဲက သမီး​တော်​လေးက လိုက်ကြည့်​နေတယ်

" အရှင် က​လေး​တွေအတွက် နာမည်စဥ်းစားပြီးပြီလား "

" အင်း ရိ​ပေါ်က​ရော ကိုယ့်ကြင်ယာ​တော်​လေး သ​ဘောကျ​ပေးရ​အောင် ကိုယ်မ​ပေး​သေးတာ "

" သား​တော်​လေးကို ​ရှောင်ရိဟန်လို့​ပေးမယ် "

" ​ရှောင်ရိဟန် "

​ရှောင်ကျန့်က ​ရေရွတ်သလို​ပြော​တော့

" ​ရှောင် ကအရှင်ရဲ့မျိုးရိုး ရိက​တော့ ရိ​ပေါ်ရဲ့နာမည်က ၁ ဆိုတဲ့အဓိပ္ပါယ်​ပေါ့  ဟန်က သူရဲ​ကောင်း ဆိုတဲ့အဓိပ္ပါယ်

အရှင်ကြိုက်လား "

" ကြိုက်တယ် ရိ​ပေါ်က ​တော်လိုက်တာ "

သူကို မွခနဲနမ်းရင်း ပြုံးကာဆိုလာတဲ့ အရှင်​ကြောင့် မလုံမလဲ သမီးကို ငုံကြည့်လိုက်​တော့ မျက်လုံး​လေးက ဝိုင်းစက်​နေတာပဲ လိုက်ကြည့်​နေတာ

You've reached the end of published parts.

⏰ Last updated: Mar 04, 2023 ⏰

Add this story to your Library to get notified about new parts!

The Mischievous Prince ( completed )Where stories live. Discover now