Ep - 26

8K 707 66
                                    

Ep -  26

​ရှောင်ကျန့်ဂရုစိုက်မှု​တွေက အရာထင်တယ်လို့​ပြောရမယ် ရိ​ပေါ်ရဲ့အ​ခြေအ​နေကလဲ အရင်ထက်စာရင် တဖြည်းဖြည်းတိုးတက်လာတယ် ဆရာဟွမ်​ဖော်စပ်​ပေးလိုက်တဲ့ ​ဆေး​တွေ​ကြောင့်ဆို ပိုမှန်မယ်

ရာသီတစ်ခုကူး​ပြောင်းသွားချိန်မှာ​တော့ ရိ​ပေါ်ဟာ အရင်လို အားနည်း​နေတဲ့အ​နေအထားမဟုတ်​တော့ဘူး ကြုံရင်ကြုံသလို ရင်ခွင်ထဲဝင်ပြီး ချွဲ​နေတတ်တဲ့ အချွဲလုံး​လေးဖြစ်လာတယ်

က​လေးစရှိကာစအချိန်က အရမ်းပင်ပန်းခဲ့တဲ့ရိ​ပေါ်ဟာ အားငယ်တဲ့ မျက်လုံး​လေး​တွေနဲ့ကြည့်တတ်​ပေမယ့် အခုလို ကိုယ်ဝန် ၉လ​ကျော်လာပြန်​တော့လဲ အမည်မ​ဖော်နိုင်တဲ့မျက်လုံး​တွေနဲ့ ကြည့်ပြန်တယ်

ရိ​ပေါ်ဘယ်လိုကြည့်ကြည့် ​ရှောင်ကျန့်က ရိ​ပေါ်အကြည့်​တွေဆို အကုန်မြတ်နိုးရတယ်

​ဆောင်းဦးရဲ့ ညတစ်ညမှာ အ​နွေးလုံး​လေးကို ရင်ခွင်ထဲမှာထားရင်းအိပ်​ပျော်​နေရာမှ ညည်းသံ​သဲ့သဲ့ကြောင့် ​ရှောင်ကျန့်နိုးလာခဲ့တယ်

သူလဲ အိပ်ယာမှ ထကာ ​ဘေးကို ကြည့်လိုက်​တော့ ဗိုက်ကိုဖိကာ ​ချွေး​တွေပြန်​နေတဲ့ရိ​ပေါ်

" ရိ​ပေါ် ! ဗိုက်  ဗိုက်နာလို့လား "

" အရှင် ​မွေး ​မွေး​တော့မလားမသိဘူး ဗိုက်နာတယ် အ "

" ရိ ရိ​ပေါ် အရမ်းနာ​နေတာလား ခန ခန​လေး  သည်းခံ​နော်

ယွီပင်း !!!! သမား​တော်အမြန်​ခေါ်ခဲ့ ကြင်ယာ​တော် ​မွေးဖွားဖို့ အသင့်ပြင် "

"အရှင် အဟင့် "

ဗိုက်ကို ထိန်းကိုင်ထားတဲ့ရိ​ပေါ်ဟာ မျက်လုံး​လေးကလယ်ကလယ်နှင့် ​​မွေးဖွားရမှာကြောက်ရွံ့​နေသည့်ဟန်

​ရှောင်ကျန့်က​ရော ဘာထူးလဲ ​ခြေဖျားလက်ဖျား​တွေပါ ​အေးစက်​နေသည်အထိ အ​ကြောက်တရားတို့ စိုးမိုး​နေခဲ့သည်

" ရိ​ပေါ် မ​ကြောက်နဲ့​နော် ကိုယ်ရှိတယ် "

ရိ​ပေါ်ရဲ့လက်​လေးကို ဆုပ်ကိုင်ကာ မိမိရဲ့ပုခုံးကို မီတင်း၍​နေ​စေ​တော့ အဆိုး​လေးက ​ခေါင်းညိတ်ပြတယ်

The Mischievous Prince ( completed )Where stories live. Discover now