Ep - 16

6.8K 648 10
                                    

Ep - 16

လျိုဟွားဟွားနန်း​ဆောင်ရှိ အပျို​တော်များအလုပ်ရှုပ်​နေကြသလို အခြားမိဖုရားများနန်း​ဆောင်မှ အပျို​တော်များလဲ ​ကြောက်လန့်​နေကြတယ်

ဒီ​နေ့ လျိုမယ်မယ်က ကြင်ယာ​တော်နှင့်အတူ အ​နောက်နန်း​ဆောင်ကို လာ​ရောက်စစ်​ဆေးကြည့်ရှုမည်ဖြစ်သော​ကြောင့် မိဖုရားများသာမက ရံ​ရွေ​တော်များပါ ​သွေးပျက်​နေကြခြင်းပင်

လျိုမယ်မယ်ရဲ့ အာဏာနဲ့​တောင် ဒီ​လောက် ရက်စက်တာ ကြင်ယာ​တော်လို ရာထူးမျိုးနှင့်ဆိုရင်​တော့ နဂိုထက်ပို၍ အနှိပ်စက်ခံရနိုင်​ချေရှိ​ပေသည်

လျိုဟွားဟွားရဲ့နှိပ်စက်နည်း​တွေက အမျိုးစုံတယ် ထူးခြားတယ် ဆန်းသစ်တယ်

​ပြောရရင် ​ချော​မောတဲ့သခင်မ​လေးတစ်ဦး မိဖုရားဖြစ်လာပြီဆိုရင်​တော့ လျိုဟွားဟွားရဲ့ ပညာပြမှု​တွေကို ထိထိမိမိပိုပြီးရရှိတယ်​ပေါ့

ပိုးထည်ပန်းချီကို ညတွင်းချင်း ၃အုပ်ပြီး​အောင်ထိုးခိုင်းတာမျိုး မိန်းမပီသမှု တည်ငြိမ်မှုအစွမ်းကို ​ကြွေအိုးကို ​ခေါင်း​ပေါ်တင်ပြီး အ​မွှေးတိုင်တစ်တိုင်စာ ရပ်ခိုင်းတာမျိုး

ထိုမိဖုရားရဲ့ ရံ​ရွှေ​တော်​တွေကို အပစ်ရှာပြီး ရိုက်နှက်တာမျိုး စတဲ့ အမျိုးမျိုးအဖုံဖုံနှိပ်စက်နည်း​တွေနဲ့ သူမကို ​ကြောက်ရွံ့ရို​သေ​အောင်လုပ်ထားတယ်

အမတ်ကြီး၏သမီးဖြစ် မင်းကြီးနှင့် ကစား​ဖော်ကစားဖက် သူငယ်ချင်းတစ်ဦးဖြစ်ခဲ့ဖူးသလို နန်း​ဆောင်မှာ ကြင်ယာ​တော်ပြီးရင် အမြင့်ဆုံး​နေရာရထားတဲ့ လျိုမိဖုရားရဲ့ လုပ်ရက်များကို ဘယ်သူမှ မ​ဖော်ထုတ်ရဲသလို ထိပါးရဲခြင်းလဲ မရှိကြ

အ​နောက်နန်း​ဆောင်အတွက် လျိုမိဖုရားဟာ သခင်မဆိုရင်​တောင် နန်း​ဆောင်ရှိသူများအတွက်က​တော့ မ​ကောင်းဆိုးရွားသခင်မပင်

မယ်​တော်ကြီးနှင့်မင်းကြီး​ရှေ့ဆို နတ်သမီး​လေးလို ဟန်​ဆောင်တတ်တဲ့ လျိုဟွားဟွားက​တော့ မင်းကြီးနှစ်သက်မှုမရှိပဲ ​တော်​ကောက်ထားတဲ့ကြင်ယာ​တော်​ရှေ့တွင်​တော့ သရုပ်မှန်ပဲ ပြဖို့စဥ်းစားထားတယ်

The Mischievous Prince ( completed )Where stories live. Discover now