Ep - 5

7K 709 21
                                    

Ep - 5

ဒီ​နေ့ရာသီဥတုသာယာတယ် ကိုယ်​တော့်ရဲ့စိတ်​တွေကလဲ လမ်း​ပျော်​လေးကို သတိရ​နေသလိုပါပဲ ဟိုတ​နေ့ထဲက ဝင်ကူ​ပေးပြီး နိုင်ငံ အရေးကိစ္စ​တွေနဲ့ အလုပ်ရှုပ်​နေတာ အ​တွေးထဲ လမ်း​ပျော်က ဝင်လာ​တော့ လူက လန်းဆန်းလာသလိုလို ရယ်ချင်လာသလိုလိုနဲ့  ​တွေးရင်း ဟူနန်နယ်ကဆက်သတဲ့လဖ္ဘက်ရည်ကို မြည်း​နေတုန်း

"မင်းကြီး မယ်​တော်ကြီးကြွလာပါတယ်"

နန်း​တော်ရဲ့ မင်းကြီးတစ်ဦးထဲသာ ဝင်ခွင့်ရှိတဲ့ ဥယျာ်​တော်ထဲကို ဝင်ခွင့်ရှိ​သေးတဲ့ တစ်ဦးတည်း​သောသူဟာ မယ်​တော်ကြီးဖြစ်တယ် မင်းကြီးရဲ့​မွေးသမိခင်​ကျေးဇူးရှင် ဖြစ်သည့်အား​လျှော်စွာ မင်းကြီး ၁၂ နှစ်သားဖြင့် နန်းတက်သည့်အချိန်မှစကာ အရာရာကို ​နောက်ကွယ်မှ ပံ့ပိုး​ပေးခဲ့ဖူးသူလဲဖြစ်တယ် မယ်​တော့်ရဲ့စွမ်း​ဆောင်ရည်​ကြောင့်သာ မဟုတ်လျှင် ​ရှောင်ကျန့်လဲ မင်းကြီး​နေရာတွင် ၁၂ နှစ်သားအရွယ်​လေးနှင့် တည်မြဲဖို့မ​သေချာ​ပေ  အရိုက်အရာကို မျက်​စောင်းထိုး​နေသည့် သူများက အခုထက်ထိတိုင်ရှိ​သေးသည်မဟုတ်လား

"သား​တော်"
အပြုံးဖြင့်ဖြည်းဖြည်းချင်း​လျှောက်လာတဲ့ မယ်​တော်ကြီးကို ​ရှောင်ကျန့်ဂါရဝ ဦးကြိုပြုလိုက်တယ်

"မယ်​တော်"

မင်းကြီးတည်ခင်း​နေတဲ့ လဖ္ဘက်ရည်ဝိုင်းကို ဝင်ထိုင်လိုက်ရင်း မယ်​တော်ကြီးက အသိ​ပေးစကားဆိုလာတယ်
"မင်းကြီး နှစ်ကုန်​တော့မယ်​နော် "

"မယ်​တော်...."

"စစ်သူကြီးက​လေးလဲ ၁၈ ပြည့်လာပြီပဲ မယ်​တော့်ဆန္ဒကို သား​တော်ငြင်းပယ်ဖို့ စဥ်းစား​နေတာလား"

"မယ်​တော် နက္ခတ်အ​ဟော​တွေက တကယ်ယုံကြည်သင့်ပါသလား သဘာဝတရားနဲ့မကိုက်ညီတာ​တွေကို မယုံကြည်ပါနဲ့လားမယ်​တော်"

"ကျန့်​အော် လွန်ခဲ့တဲ့ ၂၅ နှစ်​လောက်တုန်းက မယ်​တော်လဲ မင်းလို အ​တွေး​တွေရှိခဲ့ဖူးတယ်"
​တွေး​တောရင်း ​လေးနက်စွာ​ပြော​နေတဲ့မယ်​တော်ဟာ လက်ဖ္ဘက်ရည်ဝိုင်းက ထကာ ပန်းရုံ​တွေဘက်ကို ကြည့်​ငေးရင်း​ပြောတယ်

The Mischievous Prince ( completed )Where stories live. Discover now