Ep - 27

8K 702 61
                                    

Ep - 27

" မင်းကြီး ကြင်ယာ​တော်​လေးအတွက် အခမ်းအနား "

" တိတ်စမ်း အဓိပ္ပါယ်မရှိတာ​တွေ ရိ​ပေါ်က ဘယ်​တော့မှထားသွားမှာမဟုတ်ဘူး "

အမှန်တရားကို လက်မခံနိုင်စွာ
သူရင်ခွင်ထဲ ရိ​ပေါ်တစ်ကိုယ်လုံးပစ်ထည့်ကာ ​ပွေ့ဖက်လိုက်​တော့ ​ရှောင်ကျန့်နားအစပ်နားကို ​လေ​ငွေ့​လေးရိုက်ခတ်သလို ခံစားလိုက်ရတယ်

လျှပ်ခနဲ ​ပျော်သွားတဲ့​ရှောင်ကျန့်ဟာ ရိ​ပေါ်ရဲ့ ရင်ခုန်သံကိုနား​ထောင်ဖို့ ​ကြောက်​နေမိတယ်

တကယ်သာခုန်မ​နေရင် ​ရှောင်ကျန့်ရူးမှာ

တုန်တုန်ယင်ယင်ပင် ရိ​ပေါ်ကိုယ်​လေးကို အ​နေအထား​ပြောင်းကာ​ပွေ့ဖက်ပြီး ဘယ်ဘက်ခြမ်းနှလုံးသားဆီကို နားကပ်​ထောင်လိုက်​တော့ ​နှေး​ကွေးစွာမြည်​နေ​သေးသည့် ရင်ခုန်သံ​လေး

​ရှောင်ကျန့် သက်ပြင်းချလိုက်ကာ မျက်ရည်​တွေကို လွတ်လွတ်လပ်လပ်ကျဆင်းခွင့်ပြုလိုက်တယ်

​ကျေးဇူးတင်ပါတယ် အခုထိအမိန့်နာခံ​ပေးလို့ ကိုယ်နဲ့က​လေး​တွေကို စိတ်ချပြီးထားမသွားလို့ ​ကျေးဇူးတင်ပါတယ်ရိ​ပေါ်

" သမား​တော်ကြီး  ရိ ရိ​ပေါ် ရင်ခုန်​နေ​သေးတယ် "

ဒူး​ထောက်နေသည့် သမား​တော်ကြီးဘက်ကသူလှည့်ကာ ​ပြောလိုက်​တော့ အံ့သြသွားတဲ့ သမား​တော်ကြီးက ချက်ချင်းရိ​ပေါ်ဆီ​ရောက်လာတယ်

သမား​တော်ကြီးလဲ မင်းကြီးအ​ပြော​ကြောင့်အံ့သြသွား​ပေမယ့် တကယ်ခုန်​နေပါ​စေဟုဆု​တောင်းကာ စမ်းသပ်လိုက်​တော့ ခပ်မျဥ်းမျဥ်းရှု​နေတဲ့ဝင်​လေထွက်​လေနဲ့ ​နှေး​ကွေးလှတဲ့​သွေးခုန်နှုန်း​လေး

ထူးဆန်းလိုက်တာ ခုနကပဲ ကြင်ယာ​တော်ရဲ့ နှလုံးခုန်နှုန်း​တွေရပ်တန့်သွားခဲ့တာ

မိုး​ကောင်းကင်ကို ​ကျေးဇူးတင်ပါတယ်

" အရှင်မင်းကြီး ကြင်ယာ​တော် အသက်ရှိပါ​သေးတယ် "

သူငိုသံပါနဲ့တင်​လျှောက်လိုက်သကဲ့သို အသက်ချမ်းသာရာရသွားတဲ့ အကူသမား​တော်များအားလုံး မျက်ရည်ကျသည်အထိ ဝမ်းသာသွားကြရတယ်

The Mischievous Prince ( completed )Where stories live. Discover now