6(Z/U)

920 126 57
                                    

ငါ့မနတ်​ခင်း​တွေလှပဖို့​မျှော်​လင့်​ပါတယ်​..။
သိပ်​ချစ်​ရတဲ့သူ့အပြုံး​တေနဲ့ ငါ့သံ​ယောဇဉ်​​လေးJinအပြုံး​တေကို မနတ်​စာဝိုင်းမှာ​တောက်​ပစွာ​တွေ့​နေရလို့..။

သူနဲ့Jinက Coffeeခွက်​​ဆင်​တူ​လေးကိုကိုင်​ထားပီး ငါက​တော့ ရိုးရိုးဖန်​ခွက်​​လေးတစ်​လုံးကိုပဲကိုင်​ထားတယ်​။

Coupleအသုံးအ​ဆောင်​ပစ္စည်း​တေကအမြဲတမ်းနှစ်​ခု
(တစ်စုံ)​​ဆီပဲထွက်​တာမလား...။
အဲ့​တော့ ငါတို့သုံး​ယောက်​ဆင်​တူမသုံးဖြစ်​တာမဆန်းပါဘူး။
ပီး​တော့ သူနဲ့Jinကသာအတွဲဖြစ်​ပီး ငါက အပြင်​လူသက်​သက်​ပဲဟာ...။
သူများအတွဲနဲ့ဆင်​တူCoupleခွက်​ကြီးတကားကားနဲ့ဆိုရီစရာကြီးဖြစ်​​နေမှာ​ပေါ့..။

"Hoseok ... ​ဆေး​သောက်​ဖို့မ​မေ့နဲ့​နော်​..."

Jinက​တွေး​ငေး​နေတဲ့ငါ့ကိုပုခုံးပုက်​ရင်းသတိ​ပေးလာတယ်​။

"​အော်​..​အေး ..မ​မေ့ပါဘူး.. မ​သောက်​ရင်​ငါ​သေမဲ့ကိစ္စကို​မေ့စရာလား..."

ငါ့စကား​ကြောင့်​ သူ​ရောJinပါမျက်​နှာပျက်​သွားကြတယ်​။

"​သေမဲ့စကားထပ်​​ပြောကြည့်​ .. ​သေမင်းကိုငါကိုယ်​တိုင်သက်​ပစ်​မယ်​..."

"ဟဟား..NamJoonရယ်​ ... "

သူ့အ​ပြောကိုငါဟာသ​လေး​နှောလိုက်​​ပေမဲ့ သူ​နဲ့Jinက​တော့ရီမ​နေခဲ့..။

"ငါဟာသ​ပြော​နေတာမဟုပ်​ဖူးHoseok .. မင်းပါးစပ်​က​သေမဲ့စကား ​နောက်​မထွက်​ပါနဲ့...ငါမကြိုတ်​ဖူး.."

"​အေးပါNamJoonရာ .. ငါကဒီတိုင်း​ပြောလိုက်​တာပါ ..ငါ​နေ​ကောင်းလွန်းလို့ ကုမ္ပဏီမှာ​တောင်​ပြန်​လုပ်​ရင်​​ကောင်းမလားစဉ်းစား​နေတာ..."

"ဟာ.. မရပါဘူး... ငါခွင့်​မပြုဘူး.."

Jinကငါ့ပုခုံးကိုဖတ်​ရင်း ငါ့ဆန္ဒကိုပုက်​ချလိုက်​တယ်​။

"ငါအိမ်​ထဲမှာဘဲ​နေ​နေရတာပျင်းလာပီ .. ကုမ္ပဏီသွားလဲငါပင်​ပန်းတာ​တေလုပ်​​နေရမှာမှမဟုပ်​တာ .. အတွင်း​ရေးမှူးMin လဲရှိတာပဲ .. "

"ရုတ်​တရက်​ကြီး .. ဘာစိတ်​ကူး​ပေါက်​ပြန်​တာလဲ.."

Jinကအ​လျော့မ​ပေးဘဲ ဆက်​​မေးလာပြန်​တယ်​။
ကြည့်​ရတာ ငါ့ကိုအလုပ်​​ပေးမလုပ်​ချင်​ဘူးထင်​တယ်​။

သူ...သူ၏...သူ့ကို(he...his...him)Where stories live. Discover now