7(Z/U)

960 119 63
                                    

ငါအလုပ်​စလုပ်​​နေပီ....။ အဆင်​​ပြေပါတယ်​ ။
အတွင်း​ရေးမှူးMin ကငါ့ကိုလို​လေ​သေးမရှိ​အောင်​အစစအရာရာကူလုပ်​​ပေးတယ်​။
တစ်​ခါတစ်​​လေ သူနဲ့Jin ကလဲငါ့ဆီ​ရောက်​​ရောက်​လာတတ်​တယ်​။
ငါသိပ်​နားမလည်​​သေးတဲ့ကိစ္စ​တေကိုသူနဲ့Jinကစိတ်​ရှည်​လက်​ရှည်​ရှင်းပြ​ပေးတာမို့ BJE​လေးပြန်​​တောက်​ပလာခဲ့တယ်​။

သို့​သော်​..ငါ့အတွက်​အဆင်​မ​ပြေတဲ့ခလုက်​ကန်​သင်း​လေးတစ်​ခုက​တော့ ​နေ့တိုင်းငါ့ရုံးခန်းကိုလာပီး မသိမသာ​လေးအ​နှောက်​အယှက်​​ပေး​နေတယ်​။
ခုလဲ ငါ့အလုပ်​စားပွဲ​ရှေ့ကခုံမှာထိုင်​ရင်းCoffeeတစ်​ခွက်​ကိုတစ်​မနတ်​လုံးထိုင်​​သောက်​​နေ​လေရဲ့..။

သူမ...So Hyung....။

"မင်း..မပြန်ေ​သးဘူးလား ... "

"Coffee​သောက်​လို့မပီး​သေးဘူး​လေ ရှင်​ကလဲ"

"5မိနစ်​​လောက်​နဲ့10ခွက်​​လောက်​​သောက်​လို့ရတဲ့Coffeeကိုတစ်​မနတ်​လုံး​သောက်​​နေတာက​တော့..မင်းတမင်​လုပ်​​နေမှန်းငါသိပီးသား..."

"Coffeeဆိုတာ ရှင်​တို့လို​ဗိုက်​ဝဖို့သက်​သက်​အသုံးချတဲ့လူ​တေအတွက်​က​တော့ ​သောက်​ချိန်​က3မိနစ်​​ပေါ့ .. ဒါ​ပေမဲ့ ကျမလို အရသာခံပီး Coffeeရဲ့တန်​ဖိုးကိုနစ်​နစ်​နဲနဲခံစားတတ်​တဲ့လူအတွက်​က​တော့ တစ်​​နေကုန်​ထိုင်​​သောက်​ရလဲ ဒါဖြစ်​သင့်​တဲ့ကိစ္စပဲမလား..."

သူမကCoffeeခွက်​ကိုစားပွဲ​ပေါ်တင်​ရင်းပါးစပ်​က ​ပေ​နေတဲ့Coffee​စက်​​တေကို တစ်​သျူး​နဲ့သုက်​​နေတယ်​။

"အဲ့​လောက်​Coffeeအ​ကြောင်းခံစားတတ်​​နေရင်​လဲ .. Coffee bar​မှာ review​ပေးတဲ့လူသွားလုပ်​ပါ့လား."

"အဟင်း .. ရှင်​က​တော့​လေ .."

သူမကမချိပြုံး​လေးပြုံးရင်းငါ​အလုပ်​လုပ်​​နေတာကို​မေး​ထောက်​ကြည့်​​နေပြန်​တယ်​။

"ငါ့ကိုကြိုတ်​​နေရင်​လဲပွင့်​ပွင့်​လင်းလင်းလာ​ပြောလို့ရတယ်​..အဲ့​လောက်​စိုက်​ကြည့်​မ​နေနဲ့ .. စိတ်​ရှုပ်​တယ်​"

"ခ်​ခ်​..ကျွန်​မက ရှင့်​ကိုကြိုတ်​​နေတယ်​လို့ထင်​​နေတာလား..ဟားဟား .. ရှင်​​တော်​​တော်​ဘဝင်​မြင့်​တဲ့လူပဲ"

သူ...သူ၏...သူ့ကို(he...his...him)Where stories live. Discover now