လူတွေဟာ ကဲ့ရဲ့ကြတယ် ရှုံ့ချကြတယ် အပြစ်တင်ကြတယ် အပေါ်ယံဘဲကြည့်ပြီး . . .
🥀
"ပတ်ချယ်ယောင်း ဒါဘာသဘောလဲ?"
နှစ်ဦးတည်းသာကျင်းပနေသည့် စိတ်ရှုပ်ဖွယ် အစည်းအဝေးခန်းထဲတွင် စားပွဲပေါ်ခြေထောက်လှမ်းတင်ထားပြီး လက်သည်းအတိုအရှည်ညှိနေသည့်မိန်းကလေးအား အရှေ့ထိပ်ကနေ suit အပြည့်ဝတ်ဆင်ထားသည့်အမျိုးသားမှ လှမ်းမေးလိုက်သည်။
တစုံတရာတုံ့ပြန်မှုမရှိဘဲ လက်သည်းကလွဲပြီး ကျန်တာစိတ်ဝင်စားပုံမပေါ်တဲ့သူမကို ဒုတိယအကြိမ်မေးရပြန်သည်။
"ပတ်ချယ်ယောင်း ဒါဘာသဘောလဲလို့!"
ပထမတခေါက်ကထက် အသံနည်းနည်းကျယ်သွားလို့လားတော့မသိ။ လက်သည်းညှိတံလေးကိုဘေးချပြီး သူ့ကိုမော့ကြည့်လာသည့်သူမ။
"အကိုရော ဘယ်လိုထင်လဲ"
"ပတ်ချယ်ယောင်း ငါမေးတာကိုအရင်ဖြေ"
သူမသည် တခဏတော့ တောင်စဉ်ရေမရမျက်လုံးလေးကစားလိုက်ပြီး ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြသည်။
"ကောင်းပြီလေ"
အရှေ့ကအမျိုးသားမှာ ထိုစကားကြောင့် ရွှင်ပျပျဖြစ်သွားပုံရသည်။
"ညီမ ကိုယ်ပိုင်ဘဝလေးလိုချင်နေပြီ"
"အခု ဒါမင်းရဲ့ကိုယ်ပိုင်ဘဝပဲလေ"
မတုံ့မဆိုင်းပြန်ပြောလိုက်တဲ့သူ့စကားကြောင့် သူမရဲ့'သေချာရဲ့လား' ဆိုသည့်အကြည့်က သူ့စကားကို ရှေ့ဆက်ဖို့လုံလောက်သည်။
"ငါက မင်းရဲ့ကိုယ်ပိုင်ဘဝလေးကို သေးသေးလေးမှ အပွန်းအပဲ့မခံရအောင် စနစ်တကျထိန်းကျောင်းပေးနေတာပါ"
"ကိုယ်ပိုင်ဘဝပါဆို ကိုယ်ကိုယ်တိုင်ပဲထိန်းကျောင်းရမှာပေါ့ မဟုတ်ဘူးလား.."
"ဘာလဲ မင်းက မင်းဘဝကို မင်းကိုယ်တိုင်ထိန်းကျောင်းနိုင်တယ်ထင်လို့လား"
ထိုအမျိုးသားက သူမနှင့်အတူတခန်းလုံးကို ကျောပေးကာ တမင်းမင်းနဲ့ ခနဲ့တဲ့တဲ့မေးလေသည်။ သူမကလည်း 'အင်း' ဆိုသည့်အဖြေကို ခပ်အေးအေးပင် ပြန်ဖြေတော့ ထိုအမျိုးသားသည်လည်း ကြာကြာကျောမပေးထားနိုင်တော့။