part1⛅

16.3K 841 19
                                    


ဆင်​တူဝတ်​စုံ​တွေနဲ့သွားလာ​နေကြသည့်​ လူများ
..အဖွဲ့လိုက်​​သော်​လည်း​ကောင်း.
.တစ်​​ယောက်​ချင်း​သော်​လည်း​ကောင်း
အတွဲ​တွေအ​နေဖြင့်​လည်း​ကောင်း
..ကြီးမားကျယ်​ဝန်းသည့်
ကျောင်းဝန်းထဲတွင်​ အသီးသီးသွားလာ​နေကြသည်

အားလုံးက ​ယောကျာ်း​လေးများသာဖြစ်​ကြသည့်​အ​လျှောက်
အတွဲ​တွေဆိုသည်​မှာလည်း ​ယောကျာ်း​လေးတွဲများသာ
.အ​ကြောင်းက​တော့
ယောကျာ်း​လေးသီးသန့်​​ကျောင်းဖြစ်​တာမို့.
.မိန်းက​လေးနဲ့တူတာရှာလို့မရ.
.​​ပြောင်းလဲလာတဲ့​ခေတ်​​တွေနဲ့အညီ
yaio​တွေလည်းများပြားသည်​မို့
.​ကျောင်း​တော်​ထဲမှာ.​ယောကျာ်း​လေး
အတွဲသည်​သာ​နေရာယူသည်
တ​ဖြေး​ဖြေး​ကျောင်းချိန်​နဲ့နီးကပ်​လာပြီမို့
ကျောင်းဝန်းထဲက သွားလာ​နေသည့်​သူ​တွေက
.သက်​ဆိုင်​ရာ အခန်းသီးသီးသို့​နေရာယူကုန်​ပြီ...

ကျောင်းဝန်းထဲက လူ​တွေအခန်းထဲဝင်​လို့
တစ်​​ယောက်​မှမရှိ​တော့သည့်​အချိန်​.
ဆိုင်​ကယ်​​သုံးစီးနဲ့​ယောက်​လာသည့်​သူသုံးဦး
ပထမဦးဆုံး ဆိုင်​ကယ်​ဦးထုတ်​ချွတ်​လိုက်​သည့်​အခါ
.​ပေါ်လာသည့်​​ယောကျာ်းဆန်​လှတဲ့မျက်​နှာမျိုးနဲ့
ဘေးတဖက်​ခွဲထားသည့်​ဆံပင်​ပုံစံဖြင့်​ဝမ်​ရိ​ပေါ်
.ဆင်​တူ​ကျောင်းသားဝတ်​စုံကို
ကြယ်​သီးအပြည့်​စုံမတတ်​ဘဲဖရိုဖရဲပုံစံ
သို့​သော်​ကြည့်​​ကောင်းလွန်းတဲ့ရုပ်​ရည်​မို့
ထိုပုံစံသူဟာအရမ်း​ဟော့ဖြစ်​သည်
.အမြဲတမ်းမျက်​နှာထားတည်​တည်​နဲ့မို့
အ​ပေါင်းသင်းအ​နေနဲ့ ငယ်​စဉ်​ကတည်းက
သူငယ်ချင်းဖြစ်​​​လာကြသည့်​.ရွှယ်​ယမ်​နဲ့ရှင်းချန်​တို့အတွဲသာ.သူ့ရဲ့သူငယ်​ချင်းဖြစ်​သည်​...

"​နောက်​ကျပြန်​ပြီကွာ..နဂိုကတည်းက
ဆရာကအ​ပေါက်​ဆိုးပါတယ်​ဆို.."

"အဲ့ဒါမင်း ဂိမ်း​စော့​နေလို့​လေ.ခုမှအပို​တွေ​ပြောမ​နေနဲ့."

ခေါင်းကရှုပ်​ပွ​နေတဲ့ဆံပင်​ကို.ထပ်​ဖွရင်းဆိုသည့်​ဝမ်​ရိ​ပေါ်
အ​နောက်​က​နေ ပတ်​ခနဲပြန်ေ​ပြာသည်​က
ခပ်​စွာစွာရှင်းချန်
အိမ်​ကထွက်​လာတုန်းက ​စောရဲ့နဲ့
ကျောင်းမ​ရောက်​ခင်​ ဂိမ်းထိုင်​​စော့​နေတာ
ခုလို​နောက်​ကျမှ​ရောက်​လာခြင်း.သုံး​ယောက်​လုံးက
တစ်​ရက်​ကွက်​တည်းမို့.
.​ကျောင်းလာလည်းတူတူသာလာုဖစ်​သည်

ခါးသက်​သည်​ဟုထင်​ရ​သော အချစ်​ချိုချို(complete) Where stories live. Discover now